DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
DVB
·
September 20, 2022
စစ်ကောင်စီခန့် ဧရာဝတီတိုင်းဝန်ကြီးချုပ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရ
Donate to DVB

စစ်ကောင်စီခန့်ထားတဲ့ ဧရာဝတီတိုင်းဝန်ကြီးချုပ် ဦးတင်မောင်လင်းဟာ စက်တင်ဘာလ ဒုတိယပတ်ကစတင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

ဝန်ကြီးချုပ်ဆိုသူ ဦးတင်မောင်လင်းဟာ ကိုဗစ် ရောဂါကူးစက်ခံရတာနဲ့ပတ်သက်လို့ သတင်းဖုံးအုပ်ထားပြီး အပြင်မထွက်ဘဲ ဆေးကုသမှုခံယူနေတာလို့ တိုင်းအစိုးရအဖွဲ့ရုံးက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝန်ထမ်းတဦးက DVB ကို ပြောပါတယ်။

“ဝန်ကြီးချုပ်က အကူးခံရတာ သေချာလို့ အပြင်မထွက်ဘဲ ကျိတ်ကုနေတယ် ကျန်တဲ့ဝန်ထမ်းတွေလည်း ကူးတာရှိတယ်၊ ဒါပေမဲ့ သတင်းမထုတ်ခိုင်းဘူး တိုင်းထွေအုပ်မင်းကြီးလည်း ရောဂါဖြစ်နေတယ်”လို့ ပြောပါတယ်၊။  

စစ်ကောင်စီခန့်ထားတဲ့ ဧရာဝတီတိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးတော်တော်များများ ကိုဗစ်ရောဂါဖြစ်နေတဲ့အပြင် တိုင်းထွေအုပ်ရုံးက ဝန်ထမ်းတော်တော်များများလည်း ရောဂါကူးစက်ခံထားရတယ်လို့ ဆိုပါတယ်။

စက်တင်ဘာလ ၁၉ ရက်နေ့မှာ တိုင်းထွေအုပ်မင်းကြီးရဲ့ အမျိုးသမီးသေဆုံးခဲ့တာရှိသလို နာရေးကိုလည်း လူသိ မခံဘဲ ကျင်းပခဲ့တယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013