
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ခုံသာကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျေးရွာ နယ်မြေအတွင်း တရားဉပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးရောင်းချသူတယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူထံမှ ခေါင်းလိမ်းဆီဘူးခွံထဲ ထည့်ထားတဲ့ မူးယစ်ဆေးဝါး ၁ ဂရမ်ခန့်၊ ဟွာဝေး အမျိုးအစား ရွှေအိုရောင်ဖုန်းတလုံး၊ ငွေကျပ် ၈၁,၅၀၀ ကျပ်၊ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဆိုပါတယ်။
ဩဂုတ် ၃၀ ရက်ကလည်း အဆိုပါ ခုံသာကျေးရွာက မူးယစ်ဆေးဝါးရောင်းချသူ ၃ ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ခုံသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။
လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ပြီး ကလေးပြည်သူ့ရဲတပ်ဖွဲ့ကလည်း ကလေးမြို့နယ် တရားရေးအဖွဲ့ကို ဉပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။