DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးကို PDF အဖွဲ့ဖမ်းဆီး
DVB
·
September 14, 2022
ကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးကို PDF အဖွဲ့ဖမ်းဆီး
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ခုံသာကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျေးရွာ နယ်‌မြေအတွင်း တရားဉပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးရောင်းချသူတယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူထံမှ ခေါင်းလိမ်းဆီဘူးခွံထဲ ထည့်ထားတဲ့ မူးယစ်ဆေးဝါး ၁ ဂရမ်ခန့်၊ ဟွာဝေး အမျိုးအစား ရွှေအိုရောင်ဖုန်းတလုံး၊ ငွေကျပ် ၈၁,၅၀၀ ကျပ်၊ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဩဂုတ် ၃၀ ရက်ကလည်း အဆိုပါ ခုံသာကျေးရွာက မူးယစ်ဆေးဝါးရောင်းချသူ ၃ ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ခုံသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ပြီး ကလေးပြည်သူ့ရဲတပ်ဖွဲ့ကလည်း ကလေးမြို့နယ် တရားရေးအဖွဲ့ကို ဉပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013