
ရေး-ထားဝယ် ကားလမ်းပိုင်း ထားဝယ်မြို့အဝင်အနီး မောင်မယ်ရှောင်ရွာနဲ့ ဇဟာရွာအကြားမှာ ရေဖြူဘက်ကလာတဲ့ ကား ၂ စီးပါ စစ်ကောင်စီယာဉ်တန်းကို ထားဝယ်ပြောက်ကျားတော်လှန်ရေး တပ်ဖွဲ့ DGRF က စက်တင်ဘာလ ၁၀ ရက် ညနေ ၅ နာရီမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။
မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်သား အထိခိုက်အကျဆုံးရှိနိုင်ပြီး အတိအကျကို အတည်မပြုနိုင်ဘူးလို့ DGRF က ပြောပါတယ်။
စစ်ကောင်စီတပ်က ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ နှစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိပြီး ဆေးရုံပို့ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မောင်မယ်ရှောင် ကားလမ်းပိုင်းမှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း စစ်ကောင်စီယာဉ်တန်းတွေ ၃ ကြိမ် ထက်မနည်း မိုင်းဆွဲခံခဲ့ရပါတယ်။
အဲဒါကြောင့် ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ ကပ်မလိုက်ကြဖို့ ထားဝယ်ပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။