DVB Logo
Home
မြန်မာသတင်း
အမ်းမြို့နယ်တွင် ရဲအရာရှိ ၁ ဦးကို စရဖက ဖမ်းဆီးစစ်ဆေးနေ
DVB
·
September 12, 2022
အမ်းမြို့နယ်တွင်  ရဲအရာရှိ ၁ ဦးကို  စရဖက ဖမ်းဆီးစစ်ဆေးနေ
Donate to DVB

ရခိုင်ပြည်နယ်၊ အမ်းမြို့မရဲစခန်းက ဒု-စခန်းမှူး ရဲအုပ်သက်လှိုင်ကို စက်တင်ဘာ ၁၀ ရက်ညနေပိုင်းက စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ)က ဖမ်းဆီးခဲ့ပြီး စစ်ဆေးနေတယ်လို့ ရဲနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ရဲအုပ်သက်လှိုင်ဟာ  အမ်းမြို့နယ၊  မွှာအုပ်စု ရေမသိမ်ကျေးရွာဇာတိ ရခိုင်တိုင်းရင်းသားတဦးဖြစ်တယ်လို့  သူနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။

"ရဲအုပ်သက်လှိုင်ကို မနေ့က ညနေမှာ ဒု-တိုင်းမှူးရဲ့အမိန့်နဲ့ဆိုပြီး စရဖက ဖမ်းဆီးပြီး ခေါ်ယူ စစ်ဆေးနေတယ်လို့သိရတယ်။ ဘာကိစ္စကို ခေါ်ယူစစ်ဆေးနေတာကိုတော့ ကျနော်တို့လည်း မသိရသေးဘူး။ သူက အမ်းမြို့မ ရဲစခန်းမှာ ဒု-စခန်းမှူးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတာ ဖြစ်တယ်။ အခုလို သူကို စရဖတွေက ဖမ်းဆီး စစ်ဆေးနေတာတွေကြောင့် အမ်းမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေလည်း စိုးရိမ်နေကြတယ်။"

လက်ရှိ အခြေအနေအရ ပြည်သူလူထုတင် မလုံခြုံတော့တာမဟုတ်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေအပါအဝင် စစ်ကောင်စီရဲ့ လက်အောက်ခံ ဝန်ထမ်းတွေလည်း စစ်ကောင်စီက  သံသယဖြစ်တယ်ဆိုရင် အချိန်မရွေး ဖမ်းဆီးနေတာကြောင့် မလုံခြုံတော့ဘူးလို့ ဒေသခံက ပြောပါတယ်။

ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ရဲအုပ် သက်လှိုင်ဟာ ရန်ကုန်တိုင်း တာမွေရဲစခန်းမှာ စခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ တပ်တောင်မြို့မှာလည်း ယာယီစခန်းမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013