DVB Logo
Home
မြန်မာသတင်း
လူမှုကူညီရေးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းမရှိဟု ရေးမြောက်ပိုင်း PDF ပြော
DVB
·
September 10, 2022
လူမှုကူညီရေးကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းမရှိဟု  ရေးမြောက်ပိုင်း PDF ပြော
Donate to DVB

မွန်ပြည်နယ် ရေး-သံဖြူဇရပ်ကားလမ်းမှာ  အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေး အသင်းလူနာတင်ယာဉ် မိုင်းဆွဲ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သူတို့လက်ချက်မဟုတ်ဘူးလို့  ရေးမြောက်ပိုင်း PDF က စက်တင်ဘာ ၉ ရက်မှာ  သတင်းထုတ်ပြန်ပါတယ်။

အခုလို လူနာတင်ယာဉ် မိုင်းဆွဲတိုက်ခိုက်ခံရတာ ဒေသဆိုင်ရာ PDF တွေ လုပ်ဆောင်တာ မဟုတ်ဘဲ စစ်ကောင်စီက တော်လှန်ရေးပုံရိပ်ကျဆင်းအောင် တမင်ဖန်တီးထားတဲ့ လုပ်ရပ်သာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အောင်မင်္ဂလာ လူငယ်အသင်းမှ တာဝန်ရှိသူက “အခုလို PDF တွေ မတိုက်ခိုက်ဘူးဆိုတာ အများပြည်သူတွေ သိအောင် တရားဝင် ထုတ်ပြန်ပြောဆိုလာခဲ့တော့ လက်ခံကြိုဆိုပါတယ်။ ထပ်ပြီး အခုလို လူနာတင်ယာဉ်တွေ မတိုက်ခိုက်ခံရအောင်တော့ လုပ်ဆောင်သွားပါမယ်”လို့  ပြောပါတယ်။

အသင်းကားတွေအနေနဲ့ ဘယ်အဖွဲ့အစည်းမဆို တာဝန်အရ စစ်ဆေးခြင်းကို ကြည်ဖြူစွာ အစစ်အဆေးခံယူတယ်လို့ အောင်မင်္ဂလာလူနာတင်ယာဉ်အသင်းအဖွဲ့မှ ထုတ်ပြန်ထားသလို လူမှုကယ်ဆယ်ရေးအသင်းကားတွေကို အခုလိုမျိုး ဘယ်အဖွဲ့အစည်းက တိုက်ခိုက်တာ ဖြစ်စေ လုံးဝ လက်မခံနိုင်ကြောင်းနဲ့ အခုလို လုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချတယ်လို့ လူမှုကယ်ဆယ်ရေး အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။

စက်တင်ဘာ ၈ ရက်က လူနာတဦးကို မော်လမြိုင်ပို့ပြီးပြန်လာတဲ့ အောင်မင်္ဂလာနာရေးကူညီမှုနှင့် လူမှုကယ်ဆယ်ရေးအသင်းကားတစီး သံဖြူဇရပ်မြို့နယ်၊ ပိန္နဲတောကျေးရွာနားမှာ မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပါတယ်။

ဖြစ်စဉ်ကြောင့် လူနာတင်ယာဉ်ဟာ အမှတ်(၃)မှာ လမ်းဘေးကို မြောက်တက်ထိုးကျသွားပြီး ယာဉ်မောင်း နေလင်းဦး(ခ)အဘစ်နဲ့  ယာဉ်နောက်လိုက် ညီလင်းထွန်း(ခ)ဇူးဇူးတို့ နှစ်ဦး ဒဏ်ရာရခဲ့တာကြောင့် လမိုင်းဆေးရုံမှတဆင့် မော်လမြိုင်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး နေလင်းဦး(ခ)အဘစ်မှာ အရေးပေါ်ဌာနမှာ ဆေးကုသမှုခံနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013