Home
မြန်မာသတင်း
ရခိုင်ပြည်နယ်၌ ဆရာတော်ဦးဥတ္တမနေ့ အခမ်းနားကျင်းပ
DVB
·
September 10, 2022
uyuy
ttgg
hha
gt
gg
eee
bb
306125818_190010450152046_8751438297862885500_n
305668006_190011370151954_6454350881308318044_n
305035676_190010476818710_7145559429311418494_n
304849776_190010843485340_8134008279931478921_n
302529635_190010416818716_3693023792300570325_n

မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် အာရှနေဝန်း  ရက္ခိုင့်အာဇာနည် ဆရာတော် ဦးဥတ္တမ ကွယ်လွန်ခြင်း  ၈၃ နှစ်မြောက်အခမ်းနားတွေကို မြို့တော်စစ်တွေမြို့အပါအဝင် စစ်ရေးတင်းမာ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲက မြို့နယ်တချို့နဲ့ ကျေးရွာတွေမှာ စက်တင်ဘာ ၉ ရက်က ကျင်းပနိုင်ခဲ့ပါတယ်။

စစ်တွေမြို့ခံ စာရေးဆရာ၊ ဟာသသရုပ်ဆောင်  ဦးဗဂျီးကျော်က“စစ်တွေမြို့ ဦးဥတ္တမပန်းခြံမှာတော့ အေးအေးဆေးဆေးပါပဲ။ မနက်အစောပိုင်း ၅ နာရီလောက်ကနေ ပန်းခွေချ လာရောက်ရှိခိုးခဲ့ကြပြီး နေ့လယ် ၃နာရီလောက် တစ်ခေါက်ပြန်ကြည့်တော့လည်း အလွန်စည်းကားသိုက်မြိုက်ပြီး ပန်းခွေချဂုဏ်ပြုဖို့အတွက်ကို တန်းစီလို့စောင့်ကြရတယ်”လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နယ် အနောက်ဘက်ခြမ်းမှာတော့ ကျေးရွာ ၈ ရွာ စုပေါင်းပြီး မိုးရွာနေတဲ ကြားထဲက ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို  လူဦးရေ ၄၀၀ ကျော်လောက်နဲ့ စည်စည်ကားကား ကျင်းပခဲ့သလို မြို့ပေါ်နဲ့ တခြားရွာတွေကလည်း ဂုဏ်ပြုပန်းခွေချပြီး ဂုဏ်ပြုခဲ့ကြပါတယ်။ 

တချို့လူငယ်တွေဆိုရင် ဆရာတော်ရဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်လွန်းလို့ ဆရာတော်ချပြခဲ့တဲ့ လမ်းစဥ်အတိုင်း လိုက်နာလုပ်ဆောင်ပါမယ်လို့ ကတိသစ္စာပြုတဲ့ ကျောင်းသားလူငယ်တွေကို တွေ့​မြင်ရတော့ အရမ်းကို ကြက်သီးထမိခဲ့တယ်လို့     ဦးဗဂျီးကျော်က ပြောပါတယ်။

ဆရာတော်ဟာ ဉာဏ်ပညာအလွန်ထက်မြက်ပြီး ဘာသာစကား ၆ မျိုးလောက်အထိတတ်ကျွမ်းကာ အမှန်တရားကို ဟောပြောခဲ့တဲ့ ကမ္ဘာကျော် ပုဂ္ဂိုလ်တစ်ဦး ဖြစ်တာကြောင့် ရခိုင်ပြည်ကို ဦးဆောင်မယ့် လူငယ်တွေအနေနဲ့ ဆရာတော်ဦးဥတ္တမကို အတုယူကြဖို့ တိုက်တွန်းချင်တယ်လို့ ပြောပြောပါတယ်။

ဏ္ဏားကျွန်းမြို့နယ်က သာသနဓဇ၊ဓမ္မာစရိယ ရဟန်းတပါးဖြစ်တဲ့ အရှင်ဣန္ဒာစာရက “ဆရာတော်ဦးဥတ္တမကို ရခိုင်သူ ရခိုင်သားတွေအနေနဲ့ အောက်မေ့တမ်းတ၊ ဂုဏ်ပုဒ်တွေကို ဂုဏ်ပြုကာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုတွေကို ဂုဏ်ပြုပြီး ဆရာတော်ကြိုပမ်းခဲ့သလို မြန်မာ့လွတ်လပ်ရေး၊ ရခိုင်ပြည်လွတ်မြောက်ရေးအတွက်လုပ်ဆောင်ခဲ့တာတွေကို မမေ့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ကျင်းပခဲ့ကြတာ။” လို့မိန့်ပါတယ်။ 

ဆရာတော်ဦးဥတ္တမရဲ့ ငယ်နာမည်ကတော့ မောင်ပေါ်ထွန်းအောင်ဖြစ်ပြီး ၁၈၇၉ ဒီဇင်ဘာလ ၂၈ ရက်မှာ မွေးဖွားကာ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၉ ရက်မှာ ပျံလွန်တော်မူခဲ့တာကြောင့် နှစ်စဥ် စက်တင်ဘာလ ၉ ရက်နေ့ရောက်တိုင်း မြန်မာနိုင်ငံအနှံ့အပြားနဲ့ ပြည်ပနိုင်ငံတွေရောက် ရခိုင်တိုင်ရင်းသားတွေက ဆရာတော်ဦးဥတ္တမနေ့ အခမ်းနားကျင်းပလေ့ရှိပါတယ်။

ဆရာတော်ဦးဥတ္တမဟာ မြန်မာနိုင်ငံသူနိုင်ငံသားတွေကို လွတ်လပ်ရေးတောင်းဆိုရမယ်လို့ ရှေ့ဆောင်လမ်းပြခဲ့တဲ့ အာဇာနည်ပုဂ္ဂိုလ်လည်းဖြစ်သလို လေးစားဂုဏ်ပြုထိုက်သူဖြစ်တာကြောင့် ဆရာတော်ပျံလွန်တော်မူတဲ့ စက်တင်ဘာလ ၉ ရက်ကို ဦးဥတ္တမနေ့ အဖြစ်သတ်မှတ်ပြီး ဦးဥတ္တမရုပ်ထုတွေ၊ ကျောက်တိုင်တွေရှိတဲ့ ပန်းခြံတွေမှာ နှစ်စဥ်နှစ်တိုင်း ကျင်းပတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ရက္ခိုင်တပ်တော် (အေအေ)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး သြဂုတ်လအတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သား ၆၆ ယောက်သေဆုံခဲ့တယ်လို့ အေအေက သြဂုတ် ၃၁ ရက်က  ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024