
မန်ချက်စတာယူနိုက်တက်ဟာ ပါးမီးရက်စ်အသင်းရဲ့ အသက် ၁၆ နှစ်အရွယ် လူငယ်ပါရမီရှင် အက်ဒူအာဒိုကို ယူရို သန်း ၄၀ (ပေါင် ၃၄ သန်း) နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
လူငယ်ကစားသမားကို ရယူဖို့ မန်စီးတီးနဲ့ ဘာစီလိုနာတို့ကလည်း အပြိုင်အဆိုင် ကြိုးပမ်းနေတာဖြစ်ပြီး မန်ယူကတော့ အခုမှ အလေးအနက် ဝင်ရောက်လာတာပါ။
ပါးမီးရက်စ်ဟာ နယူးကာဆယ်နဲ့ နာပိုလီတို့ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားပြီး အက်ဒူအာဒိုကို ဈေးကောင်းရမှ ရောင်းချဖို့ စီစဉ်နေပါတယ်။
အက်ဒူအာဒိုဟာ နည်းစနစ်နဲ့ ကြံ့ခိုင်မှုပိုင်း ကောင်းမွန်တာကြောင့် ပရီးမီးယားလိဂ်နဲ့ သင့်တော်တဲ့သူလို့ သုံးသပ်ခံထားရပြီး ဥရောပထိပ်သီးကလပ်များစွာက မျက်စိကျနေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။










