DVB Logo
Home
မြန်မာသတင်း
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ပြည်သူအတွက် ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုပေး
DVB
·
September 6, 2022
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ပြည်သူအတွက် ကျန်းမာရေး အခမဲ့ဝန်ဆောင်မှုပေး
Donate to DVB

ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လိုင်လင်းပီမြို့အနားက ကျေးရွာတွေမှာနေထိုင်တဲ့ ပြည်သူလူထုအတွက်  မရာနယ်မြေအုပ်ချုပ်ရေးကောင်စီက ဩဂုတ် ၂၄ ရက်မှ စက်တင်ဘာလ ၄ ရက်အထိ လှည့်လည်ပြီး  Free Clinic အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေပါတယ်။

မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ(MATC) ကျန်းမာရေးဌာန အမှုဆောင်အတွင်းရေးမှူး ဒေါက်တာဗန်ဘီးလာခိုင်က ဦးဆောင်ပြီး သူနာပြုဝန်ထမ်းတွေနဲ့အတူ မရာပြည်သူလူထုရဲ့ တောင်းဆိုမှုအရ လိုင်းလင်ပီမြို့ကို ဦးတည်ပြီး ကျေးရွာတွေမှာ လည့်လည်သွားရောက် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တာပါ။

ဆေးရုံ ဆေးခန်းမရှိတဲ့ နယ်မြေဒေသမှာ ပြည်သူလူထုအတွက် ကျန်းမာရေးဝန်ဆောင်မှုက အရေးကြီးဆုံး ဖြစ်နေတာကြောင့် MATC အနေနဲ့ လူသားချင်းစာနာမှုနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးကို အလေးထားပြီး တတ်နိုင်သလာက် ဆက်လက်ဆောင်ရွက်သွားမယ်လို့ MATC ကျန်းမာရေးမှူး ဒေါက်တာ ဗန်ဘီးလာခိုင်က ပြောပါတယ်။

MATC အနေနဲ့ မရာနယ်မြေအတွင်း အုပ်ချုပ်ရေး၊ ပညာရေးနဲ့ ကျန်းမာရေးလုပ်ငန်းတွေကို ပြည်သူဆန္ဒနဲ့အညီ လက်တွေ့ ဖော်ဆောင်နေတာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း ဆေးပစ္စည်းတွေရှားပါးလာမှု၊ အထူးသဖြင့် ငှက်ဖျားဆေး မရှိလို့ အရင်နှစ်တွေကထက် ငှက်ဖျား၊ ဝမ်းလျှော၊ ဝမ်းပျက်၊ ရာသီပေါ်ရောဂါတွေ ပိုမိုဖြစ်ပွားနေတဲ့အတွက် ကျန်းမာရေးဌာနက ခက်ခဲစွာ တာဝန်ယူဖြေရှင်းနေရတယ်လို့ သိရပါတယ်။

MATC အနေနဲ့ မရာပြည်သူတွေအတွက်  ပထမအကြိမ် Free Clinic အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို  ပြီးခဲ့တဲ့ ဇွန် ၂ ရက်မှ ဇွန် ၁၅ ရက်အထိ ဆောင်ရွက်ခဲ့ဖူးပြီး အခု ဒုတိယအကြိမ် ထပ်မံသွားရောက်တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013