ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်၊ မေတ္တာလမ်း၊ ဟေမာဦးဘုန်းတော်ကြီးကျောင်းအရှေ့မှာ စက်တင်ဘာ ၃ ရက်ည ၇ နာရီလောက်က မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။
မီးလောင်မှုကို မြဝတီခရိုင် မီးသတ်တပ်ဖွဲ့ကသွားရာက် မီးငြှိမ်းသတ်ခဲ့ရာမှာ ည ၇ နာရီ မိနစ် ၅၀ လောက်မှာ မီးထိန်းနိုင်ခဲ့ပြီး ည ၈ နာရီ မိနစ် ၂၀ မှာ လုံးဝမီးငြိမ်းသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
ကုန်စုံအရောင်းစျေးဆိုင်ကနေ စတင်မီးလောင်ကျွမ်းတာဖြစ်ပြီး မီးလောင်ရတဲ့ အကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးပျက်စီးမှု အခြေအနေကိုတော့ မသိရသေးဘူးလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။