DVB Logo
Home
မြန်မာသတင်း
ဒေါနစစ်ကြောင်းက တော်လှန်ရေးရဲဘော်များရေးထားသည့် "နှလုံးသားတွေနေတဲ့အိမ်"
DVB
·
September 1, 2022
ဒေါနစစ်ကြောင်းက တော်လှန်ရေးရဲဘော်များရေးထားသည့် "နှလုံးသားတွေနေတဲ့အိမ်"
Donate to DVB

နွေဦးတော်လှန်ရေး ကဗျာစာအုပ် ဒုတိယအကြိမ်ထွက်လာပြီး ဒီနေ့ကစလို့ မှာယူနိုင်ပြီဖြစ်ပါတယ်။

ရလာတဲ့ အကျိုးအမြတ်တွေကို လက်နက်ခဲယမ်းဝယ်ယူဖို့သုံးစွဲမှာဖြစ်ပြီး စာအုပ်ကို ကြိုတင်အမှာစနစ် (Pre Order) နဲ့ ဝယ်ယူရမှာပါ။

"ဖုန်းသုံးလို့မရတဲ့ ကာလတလျှောက် ကျနော်အပါအဝင် ရဲဘော်တွေက သူတို့ရဲ့ခံစားချက် အလွမ်းအဆွေးတွေကို စာရွက်နဲ့ရေးပြီး စားရိပ်သာနံရံမှာ လာရေးကပ်ထားကြတယ်။ အဲဒီစာမူတွေကိုစုပြီး ပထမအကြိမ်အဖြစ် အုပ်ရေ ၅၀၀ ကို ၂၀၂၂၊ ဇွန်လ ၃ ရက်နေ့က ဖြန့်ခဲ့တာကုန်ခဲ့ပါတယ်။ အဲ့ဒါကြောင့် ခု ဒုတိယအကြိမ် အုပ်ရေ ၁၀၀၀ ထပ်ရိုက်တာပါ" လို့ စာအုပ်စီစဉ်သူ မဟာချိုက ပြောပါတယ်။

ဒီစာအုပ်မှာ ပါဝင်ရေးသားခဲ့တဲ့ ရဲဘော်တချို့ကတော့ ကျဆုံးသွားခဲ့ပြီ ဖြစ်ပေမယ့် သူတို့ရေးသားခဲ့တဲ့ ကဗျာလေးတွေကိုတော့ သမိုင်းမှတ်တမ်းအနေနဲ့ အမှတ်ရစရာ ချန်ထားရစ်ခဲ့ပါတယ်လို့လည်း သူ့ရဲ့ လူမှုကွန်ရက်မှာ ပြောထားပါတယ်။

ကဗျာပုဒ်ရေ ၁၃၀၊ စာမျက်နှာ ၂၀၀ နီးပါးရှိတဲ့ ဒီစာအုပ်တအုပ်ကို ဘတ် ၂၅၀ သတ်မှတ်ထားပြီး ဝယ်ယူအားပေးဖို့အတွက် အမေရိကားကနေ မှာယူမယ်ဆိုရင် Zawana A Shin၊ ထိုင်းနိုင်ငံအတွက် ထိုင်းနိုင်ငံရောက် ဒီမိုကရေစီအင်အားစု၊ FriendGoalBestproject၊ ထိုင်းနဲ့ မလေးရှားနိုင်ငံအတွက် KO Win KO (ဒေါနကိုဝင်း တပ်ခွဲ ၄ ဘဏ္ဍာရှာဖွေရေးတာဝန်ခံ)၊ မလေးရှားနိုင်ငံအတွက် ပီနန်းရောက်အမှန်တရားချစ်မြတ်နိုးသူများအဖွဲ့၊ စင်္ကာပူနိုင်ငံအတွက် Naing Naing Thwe ဖေ့စ်ဘွတ်ခ်အကောင့်တို့ဆီ ဆက်သွယ်နိုင်သလို ဒေါနစစ်ကြောင်းတပ်ခွဲ(၄)တပ်ခွဲမှူး Ko Zay ဖေ့စ်ဘွတ်ခ်အကောင့်၊ တောင်ပိုင်းရဲဘော်တွေရဲ့ ဖေ့စ်ဘွတ်ခ်အကောင့်၊ Mahar Cho ဖေ့စ်ဘွတ်ခ်အကောင့်တို့ဆီကိုလည်း ဆက်သွယ်လို့ရပါတယ်။ 

လောလောဆယ် ကြိုတင်အမှာစနစ်အနေနဲ့ပဲရောင်းချနေတာဖြစ်ပြီး စက်တင်ဘာ ဒုတိယအပတ်အတွင်းမှာ စတင်ပေးပို့သွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013