DVB Logo
Home
မြန်မာသတင်း
ကရင်နီတွင် တလအတွင်း တိုက်ပွဲ ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံး
DVB
·
September 1, 2022
ကရင်နီတွင် တလအတွင်း တိုက်ပွဲ ၄၆ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးသေဆုံး
Donate to DVB

ကရင်နီ (ကယား) ပြည်နယ်မှာ သြဂုတ်လအတွင်း တိုက်ပွဲပေါင်း ၄၆ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ သေဆုံးပြီး ၂၅ ‌ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ဩဂုတ်လအတွင်း  လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ ၃၂ လုံးကို လူနေရပ်ကွက်တွေကို ကြဲချကြောင်းနဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတို့ကြောင့် ပြည်သူ ၅ ယောက် သေဆုံးခဲ့ရပြီး ၁၅ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

သြဂုတ်လ နောက်ဆုံးအပတ်အတွင်း စစ်ကောင်စီတပ်သား ၄ ယောက် KNDF ထံ CDM ပြုလုပ်ကာ လာရောက်ပူးပေါင်းခဲ့ကြောင်း ဆိုပါတယ်။

သြဂုတ်လ တလတာအတွင်း စစ်ကောင်စီတပ်တွေဟာ ဖရူဆိုမြို့မှ ဒီးမော့ဆိုနဲ့ လွိုင်ကော်မြို့အထိ စစ်ရေးအရ ထိန်းချုပ်နိုင်ရေး ကြိုးစားနေပြီး ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်တွေမှာ တပ်ဖြန့် စစ်ကြောင်းထိုးနေကြောင်းလည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီဘက်က နယ်မြေစိုးမိုးနိုင်ရေး စစ်ကြောင်းထိုးမှုတွေ ရှိနေပေမဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်နေသလို  စစ်ကောင်စီ အခြေစိုက်စခန်းတွေကိုလည်း တိုက်ခိုက်တာတွေ ရှိနေပါတယ်။

သြဂုတ် ၂၄ ရက်က ငွေတောင်အခြေစိုက် ခလရ ၁၀၂ တပ်ရင်း ကင်းပုန်းစခန်းတခုကို ကရင်နီ ပူးပေါင်းတပ်တွေက ရှောင်တခင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ယောက် သေဆုံးခဲ့ပါတယ်။

သြဂုတ် ၂၆ ရက် မနက်ပိုင်းက စံပြ ၆ မိုင်ကျေးရွာအနီးရှိ တောင်ပေါ်မှာ စခန်းချနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေကို KNDF B09 မှ စစ်ဆင်ရေးတရပ် ဆင်နွှဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့က ၁ ယောက် သေဆုံးခဲ့ပြီး ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။

ဘောလခဲမြို့နယ်မှာလည်း သြဂုတ် ၂၅ ရက်နဲ့ ၂၇ ရက်တွေက မက်စလောင်းတောင်ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ ၄ ယောက် သေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

အလားတူ ဘောလခဲမြို့နယ်အတွင်းရှိ ပွန်းချောင်းတံတားထိပ် စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF B21 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ရှားတောမြို့နယ် ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီ ပွန်ချောင်းစခန်းကို ကရင်နီ ပူးပေါင်းတပ်တွေ ဩဂုတ် ၂၇ ရက်က တိုက်ခိုက်ခဲ့ရာ ၃ ယောက် ပွဲချင်းြပီး သေဆုံးသွားခဲ့ကြောင်းလည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013