DVB Logo
Home
မြန်မာသတင်း
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်သား ၃ ဦး ပစ်သတ်ခံရ
DVB
·
August 31, 2022
ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်သား ၃ ဦး ပစ်သတ်ခံရ
Donate to DVB

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည် ဘုရားကုန်းမှ EPC ရုံးဘက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ဩဂုတ် ၂၉ ရက် မနက် ၁၀ လောက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။   

အဆိုပါပစ်ခတ်မှုကို CDF-KKG တပ်ရင်း ၅၊ YDF တပ်ရင်း၁၄၊ ထီးလင်းမြောက်ပိုင်း PDF တပ်ခွဲ ၇ (တပ်ပေါင်းစု) တို့က နှစ်ရက်ကြာ ကင်းပုန်းဝပ်ပြီး သုတ်သင်ရှင်းလင်းခဲ့တာလို့ CDF-KKG အဖွဲ့က ထုတ်ပြန်ထားပါတယ်။

လက်နက်အပြည့်အစုံပါတဲ့ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ဟာ EPC ရုံးအတွင်းကို ဆိုင်ကယ်နှစ်စီးနဲ့ ကင်းလှည့်ရာမှ ရုံးပေါက်ဝမှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်သွားကောက်စဥ် စစ်ကူကားကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ CDF-KKG ရဲဘော်တွေ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။

အခုတိုက်ခိုက်မှုဟာ မြစ်သာဆည်အနီးက ရိပ်သာကုန်းမှာ ကျဆုံးသွားတဲ့ CDF-KKG ရဲဘော်တွေအတွက် ပြန်လက်စားချေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဟာ မေ ၂၆ ရက်ကစတင်ကာ ဂန့်ဂေါ်မြို့နယ်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေရှိရာ မြစ်သာဆည်နားမှာကို ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။  

ဇွန် ၁၉ ရက်မှာတော့ မြစ်သာဆည်က ထွက်လာတဲ့ စစ်ကြောင်းကို  PDF-ဂန့်ဂေါ (တောင်ပိုင်း) နဲ့ ပူးပေါင်းအဖွဲ့တွေက တန်ပြန်တိုက်ခိုက်ခဲ့သလို ဇွန် ၁၈ ရက်က စစ်ကြောင်းတခုကိုလည်း PDF-ဂန့်ဂေါ (၇၀၁) တပ်ရင်း (YRPA) က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013