DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ၁၇ ဦး သေဆုံး
DVB
·
August 30, 2022
ကျိုက်ထိုတွင် စစ်ကောင်စီတပ် တိုက်ခိုက်ခံရသဖြင့် ၁၇ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းကုန်းအနီးမှာ နယ်မြေကျုးကျော်ဝင်ရောက်ပြီး လက်နက်ကြီးထိုင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ၁၇ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF) က ထုတ်ပြန်ပါတယ်။

လက်ပံပင်သင်္ချိုင်းကုန်းအနီးမှာ လက်နက်ကြီးထိုင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF)နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့က သြဂုတ် ၂၈ ရက်နေ့ မနက် ၁ နာရီလောက်မှာ သွားရောက် တိုက်ခိုက်ခဲ့တာပါ။

KNLA အပါအဝင် ပူးပေါင်းတပ်ဖွဲ့ ၃ ဖွဲ့ဟာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာကို လက်နက်ကြီးတွေအပြင် ဒရုန်းတွေနဲ့ပါ အလစ်ငိုက်သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၇ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို မနက်ပိုင်းမှာ ဖောကားနဲ့ လာရောက် သယ်ဆောင်သွားတယ်လို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု (KRF)က တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့အပြင် စက်သေနတ်တွေနဲ့ပါ ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်တစုံတရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရနေတဲ့ လက်ပံပင်သင်္ချိုင်းကုန်းအနီးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးထိုင် တပ်စွဲထားတာဟာ တပတ်လောက်ပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ လက်နက်ကြီးထိုင် တပ်စွဲထားတဲ့ နေရာကနေ ဖြတ်သန်းသွားတဲ့ ပြည်သူတွေကို ဖမ်းဆီးစစ်ဆေးတာနဲ့ ဒူးထောက်လက်မြှောက်ခိုင်းတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပေမယ့် တိုက်ခိုက်ခံရပြီးနောက် အဲဒီနေရာမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မရှိတော့ဘူးလို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ ကျုက်ထိုမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် စစ်ရေးအခြေအနေ ဆက်လက် တင်းမာနေပါတယ်။

လက်ပံပင်သင်္ချိုင်းကုန်းအနီး တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013