DVB Logo
Home
မြန်မာသတင်း
ဆောမြို့နယ်တွင် TYF တပ်ဖွဲ့က တောင်သူများကို စပါးကူညီရိတ်သိမ်းပေး
DVB
·
August 29, 2022
ဆောမြို့နယ်တွင် TYF တပ်ဖွဲ့က တောင်သူများကို စပါးကူညီရိတ်သိမ်းပေး
Donate to DVB

မကွေးတိုင်း၊ ဆောမြို့နယ်မှာ The Youth Force (ဆော၊ ကျောက်ထု) တပ်ဖွဲ့က သြဂုတ်လ ၂၈ ရက်နေ့ကစပြီး တောင်သူတွေရဲ့ လယ်မြေတွေက မရင်းစပါးတွေကို ကူညီရိတ်သိမ်းပေးနေတယ်လို့ TYF က ပြောပါတယ်။

“ဆောဒေသအတွင်းမှာ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေရှိလို့ ပြည်သူလူထုကလည်း စိုးရိမ်ကြောက်လန့်နေရတဲ့အတွက် ဒီစပါးတွေကို ရိတ်သိမ်းရမှာဖြစ်လို့ ကျနော်တို့တပ်ဖွဲ့ဝင်တွေက လုပ်အားနဲ့ အကူညီပေးခဲ့တာ။ စစ်(...)တွေက စစ်ကြောင်းထိုးရင် နေရာအနှံ့ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီးသွားတာဆိုတော့ တချို့လက်နက်ကြီးတွေက လယ်ကွက်ထဲတွေ ကျတာမျိုးတွေရှိလို့ ဒါတွေက မရိတ်လို့လည်း မရဘူးလေ။ ဒါကြောင့်မို့ ကူညီပေးခဲ့တာပါ။ တောင်သူတွေဘက်ကလည်း ကျနော်တို့ရဲဘော်တွေကို ဒေသထွက် အစားအစာတွေနဲ့ ပြန်ဧည့်ခံကြတယ်” လို့ TYF ခေါင်းဆောင် ဆရာဇင်ကိုဝင်းက ဒီဗွီဘီကို ပြောပါတယ်။

မရင်းစပါးဆိုတာ ဒေသအခေါ် စပါးတစ်မျိုးဖြစ်ပြီး နွေရာသီမှာ ရေသွင်းစိုက်ပျိုးကာ မိုးရာသီမှာ ရိတ်သိမ်းရတာပါ။ မိုးတွင်းမှာ စိုက်တဲ့ စပါးတွေကိုတော့ ဆောင်းရာသီမှာ ရိတ်သိမ်းကြပါတယ်။

စိုက်ပျိုးရာသီတွေမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံတောင်သူတွေ ထိခိုက်တာတွေ ရှိတဲ့ကြားကပဲ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်ကိုင်ကြရတာဖြစ်လို့ သီးနှံအထွက်နှုန်းက အရင်နှစ်တွေကထက် လျော့ကျနိုင်တယ်လို့ ဆိုပါတယ်။

တောင်သူတွေအနေနဲ့လည်း မြေသြဇာဈေးနှုန်းတွေမြင့်တက်လို့ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာမှာ ကုန်ကျစရိတ်တွေ မြင့်တက်ကာ စားဝတ်နေရေးကျပ်တည်းလာပြီး လုပ်အားခ မတတ်နိုင်တဲ့ အခြေနေတွေဖြစ်နေတာကြောင့် ကူညီလုပ်ကိုင်ပေးနေတာလို့ ဆိုပါတယ်။

ဆောမြို့နယ် အရှေ့မြောက်ဘက် ပုံတောင်၊ ပုံညာဘက်မှာတော့ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနေသလို ဂန့်ဂေါမြို့နယ်မှာတော့ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီက အပြစ်မဲ့ ပြည်သူ ၂ ယောက်ကို မီးရှို့

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013