DVB Logo
Home
မြန်မာသတင်း
အသားဈေးကြီးမြင့်လာမှုကြောင့် ပြည်မြို့၌ ခွေးသားစားသည့်အလေ့အထ များလာ
DVB
·
August 28, 2022
အသားဈေးကြီးမြင့်လာမှုကြောင့် ပြည်မြို့၌ ခွေးသားစားသည့်အလေ့အထ များလာ
Donate to DVB

နိုင်ငံတဝန်း ကုန်ဈေးနှုန်းတွေ မြင့်တက်လာသလို ပြည်မြို့မှာလည်း ကုန်ဈေးနှုန်းနဲ့ သားငါးဈေးတွေပါ မြင့်တက်လာတာကြောင့်  ခွေးသားကို ရပ်ကွက်ဈေးတွေမှာ ရောင်းချလာနေ တယ်လို့ ပြည်ဆံတော်ရပ်ကွက်နေသူ တဦးက ပြောပါတယ်။

မြို့သစ်ဈေးက ကုန်ခြောက်ရောင်းသူ အမျိုးသမီးက ”ရပ်ကွက်ဈေးတွေမှာတော့ ရတယ်။ အရင်တုန်းကတော့ ပေါ်တင် မရောင်းရဲကြပေမဲ့ အခုတော့ ကုန်စုံရောင်းရင်း တွဲရောင်းကြတယ်။ တချို့ကလည်း ကြက်သားရောင်းရင် တွဲရောင်းကြတယ်။ တချို့ကတော့ ငါးရောင်းရင်း တွဲရောင်းကြတယ်။  သူတို့ဆီကိုလည်း ဆိုက်ကားနဲ့ ပီနံအိတ်တွေထဲထည့်ပြီး လာလာပို့တာ တွေ့နေရတယ်။ ဘယ်က နေဘယ်လိုရနေလည်း မသိပါဘူး။ ခွေးသားကတော့ အမြဲရတယ်” လို့ ပြောပါတယ်။

အခုကာလမှာ အမဲသား ၁ ပိဿာကို ၁၅,၀၀၀ ကျပ်၊ ဆိတ်သား ၂၀,၀၀၀ ကျပ်၊ ကြက်သားက ၁၅,၀၀၀ ကျပ်၊ ဝက်သား ၁၆,၀၀၀ ကျပ်ထိရှိလာပြီး အခြေခံလူတန်းစားတွေအနေနဲ့  မစားနိုင်ကြတော့တာကြောင့် တချို့အခြေခံလူတန်းစားတွေဟာ ခွေးသားကို စားလာကြတယ်လို့ ရွှေတံခါးရပ်ကွက်နေသူ တယောက်က ပြောပါတယ်။

“လမ်းထိပ်ကအရက်ဆိုင်မှာတော့ ခွေးသားက အမြဲရောင်းတယ်။ အရင်တုန်းကတော့ အရက်သောက်သူတွေပဲ အမြည်းအဖြစ်စားကြတာ။ အခု ရပ်ကွက်ထဲက လူတွေ ညနေဆို အလုအယက် ဝယ်နေကြတာ။ နည်းနည်းနောက်ကျရင်တောင်မရတော့ဘူး။ ခွေးသားက ဈေးမှာသာမရောင်းတာ သူတို့ဆိုင်ကတော့ နေ့တိုင်းခွေးသားရတယ်” လို့ ပြောပါတယ်။

ခွေးသားစားသူတွေများလာတဲ့ ပြည်မြို့မှာတော့ အိမ်မွေးခွေးတွေ ပျောက်ဆုံးတာ မကြာခဏ ဖြစ်နေတယ်လို့ ပြည်မြို့ ဆံတော်ရပ်ကွက်နေထိုင်သူတဦးက ပြောပါတယ်။

ပြည်မြို့ ဆံတော်ရပ်ကွက်နေထိုင်သူတယောက်က "ညတုန်းက ကျနော့်ခွေး ပျောက်သွားပါတယ်။ ရပ်ကွက်ထဲမှာလည်း အဲဒီလိုပျောက်ဆုံးနေတာ ၄၊ ၅၊ ၁၀ အိမ်လောက်ရှိပါတယ်။ တချို့က ရဲစခန်းကို တိုင်ကြပေမယ့်လည်း ခွေးပျောက်တာ အမှုဖွင့်မရဘူးလို့ပဲ ပြောပါတယ်။ ရပ်ကွက်ထဲကပြောတာတော့ ညဘက်တွေမှာ ခွေးတွေ လိုက်ခိုးနေကြတယ်ဆိုပဲ။ အဲဒီတော့ပါသွားပြီ ထင်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိ ခွေးချော တကောင်ပေါ်ပြီး အသားဈေးဟာ တပိဿာ ကျပ် တသောင်းဈေးပေါက်ကာ တကောင်ကို ၈ ပိဿာကနေ ၉ ပိဿာအထိ ထွက်တာကြောင့် ခွေးတကောင်တန်ဖိုးဟာ ၉ သောင်းလောက် ရှိနေပြီဖြစ်တယ်လို့ အသားဈေးကွက်က စုံစမ်းသိရပါတယ်။

ခွေးသားကို အာရှဒေသတွေဖြစ်တဲ့ တရုတ်၊ ကိုရီးယား၊ ဗီယက်နမ်နဲ့ အင်ဒိုနီးယားနိုင်ငံတို့မှာ စားသုံးကြပြီး တရုတ်၊ ကိုရီးယားက အရင်ကတည်းက ရာသီအလိုက် စားသုံးကြကာ အင်ဒိုနီးရှားကတော့ စီပွားရေးအခြေအနေ ကြပ်တည်းလာတာကြောင့် ၂၀၁၇ ခုနှစ်ကစလို့ အစားများလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013