DVB Logo
Home
မြန်မာသတင်း
BL စာအုပ်များကို စစ်ကောင်စီက ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ပြီး ထုတ်ဝေခွင့်ပိတ်သိမ်းနေ
DVB
·
August 28, 2022
BL စာအုပ်များကို  စစ်ကောင်စီက ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ပြီး ထုတ်ဝေခွင့်ပိတ်သိမ်းနေ
1 / 2
Donate to DVB

လိင်တူယောကျ်ားအချင်းချင်း  ချစ်ကြိုက်မှုအကြောင်းကို ဇာတ်လမ်းဖွဲ့ ရေးသားဖော်ပြထားတဲ့ BL စာအုပ်တွေကို စစ်ကောင်စီက ညစ်ညမ်းစာပေအဖြစ် သတ်မှတ်ပြီး ထုတ်ဝေတဲ့ စာအုပ်တိုက်တွေကို ပိတ်သိမ်းနေတာကြောင့် BL စာဖတ်သူတွေနဲ့ စာအုပ်တိုက်တွေ စိုးရိမ်မှု မြင့်တက်နေကြပါတယ်။

ထူးဆန်းတဲ့အချစ်လို့ ခေါင်းစဉ်တပ်ထားတဲ့ LGBT စာပေတွေဟာ နှစ်အနည်းငယ်အတွင်း ဆယ်ကျော်သက် လူငယ်တွေအကြား လူကြိုက်များ ရေပန်းစားနေပြီး အဲ့ဒီထဲက BL စာအုပ်အများစုကို စစ်ကောင်စီက ထုတ်ဝေခွင့် ပိတ်သိမ်းမှုတွေနဲ့ စည်းကမ်းတင်းကျပ်မှုတွေ ပြုလုပ်နေတာကြောင့် စာအုပ်တိုက်တွေအနေနဲ့ BL စာအုပ်တွေ ထုတ်ဝေဖို့ အခက်တွေ့နေတယ်လို့လည်း ဆိုပါတယ်။

အရင် BL စာအုပ်ထုတ်ဝေတဲ့ တိုက်တွေမှာ စာအုပ်ဝယ်ယူဖို့ကို  ကြိုတင်မှာယူထားရပြီး စာအုပ်ဝယ်ယူနိုင်ဖို့ကို စာအုပ်တိုက်မှာ တန်းစီစောင့်ရတဲ့အထိ ရောင်းအားမြင့်တက်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဧပြီလကလည်း အမျိုးသားချင်း အဓမ္မပြုကျင့်ပြီးနောက် ချစ်ကြိုက်သွားတဲ့အကြောင်း ရေးသားထားတယ်ဆိုတဲ့ ‘My Possessive Step-Bro’ စာအုပ် ရေပန်းစားခဲ့ပြီးနောက် ထုတ်ဝေတဲ့ ရွှေလာဘ်စာပေတိုက်ကို စစ်ကောင်စီက ထုတ်ဝေခွင့်ရုပ်သိမ်းလိုက်ပါတယ်။

အလားတူ ကံကောင်းခြင်းအိမ်ငယ်လေးစာအုပ်တိုက်ကိုလည်း ညစ်ညမ်းစာပေထုတ်ဝေတယ်ဆိုပြီး သြဂုတ် ၂၂ ရက်ကစလို့ စာအုပ်ထုတ်ဝေခွင့် ပိတ်သိမ်းကြောင်း စစ်ကောင်စီက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က တရားမဝင် အာဏာသိမ်းပြီး တနှစ်ခွဲကျော် ကာလအတွင်း ထုတ်ဝေခွင့်ပိတ်သိမ်းခံရတဲ့  စာအုပ်တိုက် အနည်းဆုံး  ၄ တိုက်လောက်ရှိလာပါတယ်။

ရှေးရိုးစွဲအယူအဆတွေရှိတဲ့ မြန်မာနိုင်ငံမှာ BL စာအုပ်တွေကို ပိတ်ပင်လိုက်တာဟာ LGBT အသိုက်အဝန်းကို ဖိနှိပ်သလို ဖြစ်နေပြီး LGBT အခွင့်အရေးတွေ အတွက်ပါ စိုးရိမ်ပါတယ်လို့ Bl စာဖတ်ပရိသတ်တဦးက ပြောပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013