DVB Logo
Home
နိုင်ငံတကာ
ညစ်ညမ်း အပြာစာပေဝက်ဘ်ဆိုက် ၁၂ ခုကို သိမ်းဆည်းခဲ့ဟု မန်ဟက်တန် ရှေ့နေချုပ်ရုံး ဖော်ထုတ်
DVB
·
September 15, 2026
Photo: MANHATTAN DISTRICT ATTORNEY'S OFFICE
Photo: MANHATTAN DISTRICT ATTORNEY'S OFFICE
Donate to DVB

နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ ခွင့်ပြုချက်မပါဘဲ AI နည်းပညာနဲ့ နက်နက်နဲနဲ အတုအပ ဖန်တီး ပြုလုပ်ထားတဲ့ (Deepfake) ညစ်ညမ်း အပြာစာပေ ဗီဒီယိုတွေကို တရားမဝင် ဖြန့်ဝေ၊ ထုတ်ဝေနဲ့ ရောင်းချနေတဲ့ ဝက်ဘ်ဆိုက် ဒိုမိန်း ၁၂ ခုကို သိမ်းဆည်းလိုက်ကြောင်း အမေရိကန်နိုင်ငံ မန်ဟက်တန်ခရိုင် ရှေ့နေရုံးက စက်တင်ဘာ ၁၄ ရက်မှာ ကြေညာပါတယ်။

AI နဲ့ လုပ်ထားတဲ့ တရားမဝင် အပြာစာပေဝက်ဘ်ဆိုက်တွေကို အခုလို သိမ်းဆည်းတာဟာ အကြီးမားဆုံး သိမ်းဆည်းမှုတခု ဖြစ်တယ်လို့ ခရိုင်ရှေ့နေ အယ်လ်ဗင် ဘရက်ဂ်က ကြေညာခဲ့ပါတယ်။

Deepfakes နည်းပညာ ဆိုတာဟာ AI ကို အသုံးပြုပြီး လူအစစ်အမှန်တွေက အပြုအမူတွေ လုပ်နေတယ်လို့ ထင်ရအောင်  ဖန်တီးလုပ်ဆောင်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေဖြစ်တယ်လို့ ရှင်းပြထားပါတယ်။

နာမည်ကြီးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် ခွင့်ပြုချက်မရှိဘဲ ပုံစံတူအသုံးချခံခဲ့ရတဲ့ ထိခိုက် နစ်နာသူ ၁,၂၀၀ ကျော်ကို တာဝန်ရှိသူတွေက စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

ထိခိုက်နစ်နာသူတွေ အများစုဟာ နာမည်ကြီးတွေနဲ့ တခြား အများပြည်သူသိကြတဲ့ ပုဂ္ဂိုလ်တွေ အပါအဝင် အမျိုးသမီးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

မန်ဟက်တန်နဲ့ နယူးယောက်ပြည်နယ်တဝန်းမှာ ဒီလို ခွင့်ပြုချက်မရှိဘဲ မျှဝေခံရတဲ့ ကိုယ်ရေးကိုယ်တာ ရင်းနှီးကျွမ်းဝင်တဲ့ ပုံရိပ်တွေနဲ့ AI အပြာစာပေတွေ ဖြန့်ချိတာဟာ တရားမဝင်ပါဘူး။

ဒီလိုလုပ်ရပ်တွေက ထိခိုက်နစ်နာသူတွေရဲ့ အသက်မွေးဝမ်းကျောင်း၊ ကိုယ်ရေးကိုယ်တာနဲ့ စိတ်ကျန်းမာရေးကို ရေရှည်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။

သတ္တိရှိရှိ ရှေ့ထွက်တိုင်ကြားခဲ့သူ တယောက်ကြောင့်သာ အခုလို ဒိုမိန်းတွေကို သိမ်းဆည်းနိုင်ခဲ့တာ ဖြစ်ပြီး အဓိကအားဖြင့် နာမည်ကြီးပုဂ္ဂိုလ်တွေဖြစ်ပေမဲ့လည်း အိမ်တွင်းအကြမ်းဖက်မှုနယ်ပယ် အပါအဝင် ဘယ်သူမဆို ဒီရာဇဝတ်မှုရဲ့ သားကောင် ဖြစ်လာနိုင်တယ်လို့လည်း မန်ဟက်တန် ခရိုင်ရှေ့နေ ဘရက်ဂ်က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ရုံးက ထုတ်ပြန်ထားပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013