DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မြို့ ၈ မိုင်တရားရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
DVB
·
August 26, 2022
ရန်ကုန်မြို့ ၈ မိုင်တရားရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့က လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်
Donate to DVB

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၈ မိုင်မှာ တည်ရှိတဲ့ တရားရုံးကို မြို့ပြပြောက်ကျားတပ်ဖွဲ့ တခုဖြစ်တဲ့ Generation Y Guerilla - GYG အဖွဲ့က လက်လုပ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒီဖောက်ခွဲမှုကိုတော့ ဩဂုတ် ၂၆ ရက် ဒီကနေ့မနက် ၁၁ နာရီ ၃၆ မိနစ်က ပြုလုပ်ခဲ့တာဖြစ်ပြီး အကြမ်းဖက် စစ်​ကောင်စီရဲ့ အလိုကျ ဆောင်ရွက်နေတာမို့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဖောက်ခွဲမှု ပြုလုပ်ချိန်မှာ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေအနားမှာ ဖောက်ခွဲဖို့ အခွင့်အရေးရခဲ့ပေမယ့် ပြည်သူတချို့ ရှိနေတာကြောင့်မို့ အရပ်ဝတ် စစ်ကောင်စီ အဖွဲ့ဝင်တွေနားမှာသာ ဖောက်ခွဲနိုင်ခဲ့ပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း၊ GYG အဖွဲ့ကတော့ ထိခိုက်ဒဏ်ရာရသူမရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ စစ်ကေင်စီတပ်ဖွဲ့ဝင်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေနားမှာ မနေကြဘဲ ဝေးဝေးနေပေးကြဖို့ GYG  အဖွဲ့က တောင်းဆိုထားပါတယ်။

လတ်တလောမှာတော့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေအနေနဲ့ အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီနဲ့ သူတို့ရဲ့ အုပ်ချုပ်ရေး ယန္တရား၊ သူတို့ရဲ့ ဒေါက်တိုင်တွေနဲ့ သူတို့ကို ငွေကြေးအရ ထောက်ပံ့ပေးနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အများပြည်သူရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ဒုက္ခပေးနေတဲ့ အဖွဲ့အစည်းမှန်သမျှကို ပစ်မှတ်ထားပြီး အထူး တိုက်ခိုက် ချေမှုန်းမယ်လို့လည်း ထုတ်ပြန်ထားကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကတော့ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ လူမျက်နှာတွေကို မှတ်မိနိုင်တဲ့ တရုတ်နိုင်ငံလုပ် ထောက်လှမ်းရေး ကင်မရာတွေကို မြို့ကြီးတွေမှာ ထပ်မံတိုးချဲ့ တပ်ဆင်နေတယ်လို့ အတွင်းကျကျသိတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ရိုက်တာသတင်းက ထုတ်ဖော်ရေးသားထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်အုပ်စုက မတရား အကြမ်းဖက်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၁ နှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်း မာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက် သတ်ဖြတ်နေမှုတွေကို မြန်မာပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည် နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

ခုခံတော်လှန်စစ်ပွဲ ဆင်နွှဲနေကြတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအပြင် မြို့ပြပျောက်ကျားရဲဘော်တွေ အတွက်လည်း ရန်ပုံငွေလိုအပ်ချက်တွေ မြင့်မားနေတာမို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် ပြည်သူတရပ်လုံးက စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်နိုင်ဖို့ အဘက်ဘက်က ရန်ပုံငွေရှာဖွေ ထောက်ပံ့မှုတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013