DVB Logo
Home
မြန်မာသတင်း
တော်လှန်ရေးရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းလက်ရာ သစ်ထွင်းပန်းချီ မဲလက်မှတ် စတင်ရောင်းချ
DVB
·
August 25, 2022
တော်လှန်ရေးရန်ပုံငွေအတွက် ဒေါ်အောင်ဆန်းစုကြည်၏သားငယ် ကိုထိန်လင်းလက်ရာ သစ်ထွင်းပန်းချီ မဲလက်မှတ် စတင်ရောင်းချ
Donate to DVB

နွေဦးတော်လှန်ရေးအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်တစောင်ကို အမေရိကန်ဒေါ်လာ ၁၀၀ နဲ့ စတင်ရောင်းချနေပါတယ်။

“ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်ကိုတော့ ပန်ဆယ်လိုနဲ့အတူ တော်လှန်ရေးရန်ပုံငွေရှာဖွေရေးအဖွဲ့တွေက စီစဉ်ပြီး လက်မှတ်ရောင်းချရငွေ အားလုံးကို မတရားမှုကို တော်လှန်ဖို့နဲ့ ဘေးဒဏ်သင့် ပြည်သူတွေအတွက် အပြည့်အဝ ပြန်လည်လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“မတရားအာဏာလုဖြစ်စဉ်မှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်း ကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကားလေးရဲ့ လက်မှတ်တွေကို စတင်ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဆန်ရေ အမည်ရှိ သစ်ထွင်းပန်းချီလေးရဲ့ ကံထူးသူကို ကိုထိန်လင်းကိုယ်တိုင် Live နဲ့ မဲနှိုက်ပေးသွားမှာ ဖြစ်ပါတယ်။ ကိုထိန်လင်း ကိုယ်တိုင်ကလည်း သူ့ရဲ့ လက်မှုအနုပညာလေးကနေ မြန်မာနိုင်ငံအတွက် ဘယ်လောက် အထောက်အပံ့ဖြစ်မယ် ဆိုတာကို စိတ်လှုပ်ရှားနေပါတယ်တဲ့လေ။ အယူမရှိ အပေးသာရှိခဲ့၊ ရှိနေတဲ့ ပြည်သူ့အမေရဲ့သား ပြည်သူ့အစ်ကို ပြည်သူ့မောင်လေးကို ဒီတခေါက်မှာ စိတ်ခွန်အားပေးတဲ့အနေနဲ့ လက်မှတ်လေးတွေ ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ပါတယ်။”

အကြမ်းဖက်စစ်အုပ်စုဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးချိန် ကတည်းက ခုချိန်ထိတိုင်အောင် ဥပဒေမဲ့ နိုင်ငံတဝန်း ပစ်ခတ်သတ်ဖြတ်မှုတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေကို ကျူးလွန်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ တနှစ်ခွဲကျော် ကြာမြင့်လာခဲ့ပြီ ဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေကြား မြေပြင်တိုက်ပွဲတွေလည်း ပြင်းထန်နေပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေပြီး တော်လှန်ရေး ရန်ပုံငွေတွေကိုလည်း ကမ်ပိန်းတွေအမျိုးမျိုးလုပ်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရှာဖွေနေတာဖြစ်ပါတယ်။

အခု “ချိုးဖြူငှက်တို့ ပျံသန်းစေ အမေ့သားရဲ့ မေတ္တာဆန်ရေ” လို့ အမည်ပေးထားတဲ့ ဒီပရောဂျက်မှာတော့ ကိုထိန်လင်းကိုယ်တိုင် ဖန်တီးထားတဲ့ သစ်ထွင်းပန်းချီကား  မဲလက်မှတ်ကို  အောက်ပါ လင့်ခ်တွေမှာ သွားရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။

လက်မှတ်ဝယ်ယူရန် 👇

https://www.springsignature.net

https://web.facebook.com/AuthorPencilo/posts/pfbid0JHSevtZeYymyqwKUb4UUvKp4sb1m4rYjxWdStFFHm7xBz1up7qmezyhQLchBKyrCl

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013