DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နည်းပညာတက္ကသိုလ် CDM ဆရာ၊ ဆရာမနှင့် ဝန်ထမ်း ၂၇၀ ခန့်ကို ကျပ် ၉၄ သိန်းကျော် ထောက်ပံ့
DVB
·
August 23, 2022
ရန်ကုန်နည်းပညာတက္ကသိုလ် CDM ဆရာ၊ ဆရာမနှင့် ဝန်ထမ်း ၂၇၀ ခန့်ကို ကျပ် ၉၄ သိန်းကျော် ထောက်ပံ့
Donate to DVB

မြန်မာ့နွေဦးတော်လှန်ရေးမှာ အရေးပါတဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ရန်ကုန်နည်းပညာတက္ကသိုလ် ဆရာဆရာမနဲ့ ဝန်ထမ်း ၂၇၀ လောက်ကို ငွေကျပ် ၉၄ သိန်းကျော် ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ CDM Support for RIT YIT YTU Heroes က ထုတ်ပြန်ပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ ရန်ကုန်နည်းပညာတက္ကသိုလ်က အရာထမ်း ဆရာဆရာမတွေထဲက ၆၅ ယောက်နဲ့ အမှုထမ်း ၂၀၄ ယောက်တို့ကို ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း တယောက်ကို ကျပ် ၃ သောင်းခွဲစီနဲ့ စုစုပေါင်း ၉၄ သိန်း တစ်သောင်းငါးထောင်ကျပ်တိတိ ဂုဏ်ပြုချီးမြှင့်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် CDM ဝန်ထမ်းတွေကို ဝန်းရံနေကြတဲ့ ကျောင်းသားဟောင်းတွေ၊ လက်ရှိ ကျောင်းသားတွေ၊ မိဘပြည်သူတွေနဲ့ ပြင်ပအဖွဲ့အစည်းတွေကို ကျေးဇူးအထူးတင်ရှိကြောင်းနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ပြီး CDM သူရဲကောင်းတွေ မူလတာဝန် ပြန်လည်ထမ်းဆောင်နိုင်တဲ့အထိ ဆက်လက်ဝန်းရံပေးဖို့အတွက်လည်း တိုက်တွန်းနှိုးဆော်ထားပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး အာဏာသိမ်း ၁ နှစ်ခွဲကျော်အကြာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးစတဲ့ ကဏ္ဍတွေအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာ ဖြစ်ပါတယ်။

NUG အစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် ၂၃၁ ဒသမ ၄၉ သန်းကို ထောက်ပံ့ ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဲဒီထဲမှာ ၁၃၀ ဒသမ ၂၅ သန်းကို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသူတွေ၊ စစ်ဘေးရှောင်တွေကို ထောက်ပံ့ထားပြီး CDM နိုင်ငံ့ဝန်ထမ်းတွေကို ၁၅ ဒသမ ၁၆ သန်း ထောက် ပံ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာတော့ စတင်ချိန်ကတည်းက ပါဝင်လာခဲ့တဲ့ CDM ဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍဟာလည်း မေ့ဖျောက်ထားလို့ မရတာမို့ NUG အပါအဝင် နွေဦးထီ၊ နွေဦးတက္ကသိုလ်တို့လို အဖွဲ့တွေ၊ သက်ဆိုင်ရာ ကျောင်းတွေ၊ ဌာနတွေ၊ ပုဂ္ဂလိက ပြည်သူတွေအသီးသီးကလည်း တစိုက်မတ်မတ် ပံ့ပိုးကူညီမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

CDM သူရဲကောင်းတွေကို ဂုဏ်ပြုထောက်ပံ့လိုပါက ဖော်ပြပါ CDM Support for RIT YIT YTU Heroes ရဲ့ Page Messenger ကတဆင့် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013