DVB Logo
Home
မြန်မာသတင်း
ရတနာပုံတက္ကသိုလ် CDM ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ ဖမ်းဆီးခံရ
DVB
·
August 23, 2022
ရတနာပုံတက္ကသိုလ် CDM ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ ဖမ်းဆီးခံရ
Donate to DVB

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာရှိတဲ့ ရတနာပုံတက္ကသိုလ်ကျောင်းက CDM ဝန်ထမ်းတွေနဲ့ ဆရာ/ဆရာမတွေကို စစ်ကောင်စီတပ်က  လိုက်လံဖမ်းဆီးနေတယ်လို့ CDM ဆရာမ တဦးက ပြောပါတယ်။

သြဂုတ် ၂၀ ရက်က ရတနာပုံတက္ကသိုလ်က CDM ဆရာ/ဆရာမတွေနဲ့ ရုံးဝန်ထမ်းတွေရဲ့ နေရပ် လိပ်စာတွေကို ကျောင်းကတဆင့် တောင်းယူကာ နေအိမ်တွေမှာဘဲ ဖမ်းဆီးခဲ့တာလို့ အဲဒီဆရာမက ပြောပါတယ်။

CDM တက္ကသိုလ်ဆရာမတဦးက "လောလောဆယ် သိရတာက CDM ဝန်ထမ်း ၇ ဦးလောက် ဖမ်းခံထားရတယ်။ အမရပူရမြို့နယ်မှာ နေတဲ့သူတွေ"လို့  ပြောပါတယ်။

ဖမ်းဆီးခံရသူ  ၇ ယောက်ဟာ ရတနာပုံတက္ကသိုလ်က စာမေးပွဲနဲ့ ဘွဲ့နှင်းသဘင်အပိုင်းမှာ တာဝန်ယူတဲ့ ကွန်ပျူတာ ဆရာဦးမင်းသိန်းအပါအဝင် ဆရာမ ၂ ယောက်နဲ့ ရုံးဝန်ထမ်း ၄ ယောက်လို့ သိရပြီး အိုးဘိုထောင်ဘက်ကို ခေါ်သွားတယ်လို့ ကြားရပေမဲ့ နောက်ဆက်တွဲ အခြေအနေကိုတော့ မသိရသေးဘူးလို့ အဆိုပါဆရာမက ပြောပါတယ်။ 

အခုလို ဖမ်းဆီးမှုတွေကြောင့် CDM ဆရာ/ဆရာမတွေနဲ့ တခြား ဝန်ထမ်းတွေ နေအိမ်မှာ မနေကြ ဘဲ ရှောင်တိမ်းနေကြရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေခံပညာကျောင်းတွေအပါအဝင် တက္ကသိုလ်ကျောင်းတွေက ဆရာ/ဆရာမ တော်တော်များများ စစ်အာဏာသိမ်းတဲ့အပေါ် မကျေနပ်လို့ CDM ပြုလုပ်ခဲ့တာကြောင့် ပညာရေးကဏ္ဍမှာ အောင်မြင်မှု မရှိသလို ကျောင်းသား၊ကျောင်းသူ အများစုကလည်း ကျောင်းမတက်ကြပဲ ဆန္ဒပြသပိတ်မှောက်နေတာပါ။

လက်တလော စစ်တပ်က တက္ကသိုလ်ကျောင်းတွေ ပြန်လည်အသက်သွင်းဖို့ ထပ်မံ ကြိုးစားလာတာဖြစ်ပြီး  လိုအပ်နေတဲ့ သင်ကြားရေးပိုင်း ပြန်ဖြည့်ဖို့ ရည်ရွယ်ပြီး CDM ဆရာ/ဆရာမ တွေကို ဖမ်းဆီးနေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013