DVB Logo
Home
မြန်မာသတင်း
ကရင်နီပြည်နယ်၌ ဩဂုတ် တတိယပတ်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ခန့် ဖြစ်ပွား
DVB
·
August 22, 2022
ကရင်နီပြည်နယ်၌ ဩဂုတ် တတိယပတ်အတွင်း တိုက်ပွဲ ၁၀ ကြိမ်ခန့် ဖြစ်ပွား
Donate to DVB

တိုက်ပွဲတွေဖြစ်ပွားနေတဲ ကရင်နီ (ကယား) ပြည်နယ်မှာ  သြဂုတ် တတိယအပတ်အတွင်း စစ်ကောင်စီရဲ့ ထိုးစစ်ဆင်မှုကြောင့် ရှားတောမြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်နဲ့ လွိုင်ကော်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

စစ်အင်အားဖြည့်တင်းမှုနဲ့အတူ အဲဒီမြို့နယ်တွေမှာ တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က တာဝေးပစ်လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရပ်သားတွေ ထိခိုက်မှု ရှိခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ရှားတောမြို့နယ်အတွင်း သြဂုတ် ၁၅ ရက်နေ့က  ပွန်ချောင်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ကရင်နီပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီဘက်က ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ 

သြဂုတ် ၂ဝ ရက်နေ့မှာတော့  ရှားတောမြို့နယ် ရှမ်းကယားနယ်စပ်ရှိ စစ်ကောင်စီ တပ်ဖွဲ့ရဲ့ တငူးဆိုးတပ်စခန်းကို ကရင်နီပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က တပ်စခန်းကိုစွန့်ခွာတဲ့အတွက် သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဩဂုတ် ၁၅ ရက်ကနေ ၂၀ ရက်အတွင်း ဖရူဆို၊ ဒီးမော့ဆို ဒေသဘက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေ နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့နယ်မှာ  သြဂုတ် ၂၀ ရက်နေ့က  ဒေါတချ ရေတံခါးအနီး တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်တွေက  အလစ်အငိုက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က ၂ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။

အဆိုပါနေ့မှာပဲ ဒီးမော့ဆိုမြို့နယ် ခြေတော်ရာဘုရားတောင်အနီး တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း  KNDF B19 ရဲဘော်တဦး ကျဆုံးသွားတယ်လို့ KNDF က သတင်းထုတ်ပြန်ပါတယ်။

ခြေတော်ရာဘုရားတောင် အနီးတိုက်ပွဲအတွင်း စစ်ကောင်စီကို ခုခံတိုက်ခိုက်ရင်း KNDF တရင်းအမှတ်၁၉ မှ Sniper တပ်သား  ရဲဘော်ဒေးဗစ်  ကျဆုံးခဲ့ရပြီး သူ့ရဲ့ ရုပ်အလောင်းကို ဒီကနေ့ သြဂုတ် ၂၂ ရက်နေ့မှာ မြေမြှုပ်သင်္ဂြိုဟ်ခဲ့တယ်လို့ တပ်ရင်း ၁၉ က ထုတ်ပြန်ထားပါတယ်။ 

ဩဂုတ် ၁၅ ရက်ကနေ ၂၀ ရက်အထိ ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆိုနဲ့ ရှားတောမြို့နယ်တွေအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား တိုက်ပွဲပေါင်း ၁၀ ကြိမ်နီးပါး ဖြစ်ပွားခဲ့ပြီး ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ၃ ဦးနဲ့ ကရင်နီပူးပေါင်းတပ်ဘက်က ၁ ဦး သေဆုံးသွားခဲ့ပါတယ်။

တိုးတက်သောကရင်နီ ပြည်သူ့အင်အားစု (PKPF) ရဲ့ ဩဂုတ် ၁၅ ရက်အထိ ထုတ်ပြန်ချက်အရ အာဏာသိမ်း ၁၈ လကျော်ကာလအတွင်း တိုက်ပွဲပေါင်း ၄၂၀ အထိ ဖြစ်ပွားခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်တွေဘက်က ၁၄၉ ဦး၊ စစ်ကောင်စီတပ်ဘက်က ၁၃၀၆ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013