DVB Logo
Home
မြန်မာသတင်း
Bago Weekly သတင်းထောက်၏ ဇနီးဖြစ်သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်
DVB
·
August 20, 2022
Bago Weekly သတင်းထောက်၏ ဇနီးဖြစ်သူကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်
Donate to DVB

Bago Weekly ဂျာနယ်သတင်းထောက်ရဲ့ ဇနီးဖြစ်သူ မဝေဝေလွင်ကို သြဂုတ် ၁၉ ရက်နေ့ နေ့လယ်ပိုင်းက သာယာဝတီအကျဥ်းထောင်အထူးတရားရုံးကနေ အကြမ်းဖက်တိုက်ဖျက် ရေးဥပဒေပုဒ်မ ၅၀ (ည) နဲ့ ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်တယ်လို့ တရားလွှတ်တော်ရှေနေတဦးက ဒီဗွီဘီကို ပြောပါတယ်။

"ဖမ်းပြီး ကိုးလလောက်ကြာမှ အခုအမိန့်ချတာပေါ့။ အမိန့်ချတာများတယ်၊ သူ့ယောကျ်ား ကိုငြိမ်းချမ်းဝေကိုလည်း ထောင်ဒဏ် ၁၄ ချထားတာ စိတ်ထဲမကောင်းဘူး။"

ထောင်ဒဏ် ၁၀ နှစ် အမိန့်ချခံရတဲ့ မဝေဝေလွင်ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၇ ရက်နေ့က လက်ပံတန်းမြို့နယ် တရားရုံးကို ခင်ပွန်းဖြစ်သူရဲ့ ရုံးချိန်းလာရာမှ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတာပါ။

“အဲ့တုန်းက ကိုငြိမ်းချမ်းဝေ ရုံးချိန်းမှာ စရဖတွေနဲ့ စစ်တပ်နဲ့ဖမ်းသွားတာ၊ မိသားစုနဲ့လည်း အဆက်အသွယ်မရဘူး၊ သာယာဝတီထောင်ကိုပို့မှ သိတာ” လို့ ပြောပါတယ်။

ခင်ပွန်းဖြစ်သူ  Bago Weekly ဂျာနယ်သတင်းထောက် ကိုငြိမ်းချမ်းဝေကိုလည်း ၂၀၂၁ ခုနှစ်   မတ် ၁၉ ရက်က စစ်ကောင်စီတပ်တွေက ဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့လပိုင်းက သာယာဝတီအကျဥ်းထောင်ရှိ အထူးတရားရုံးမှာပဲ ပုဒ်မ  ၁၂၄ (ဂ) ပုဒ်မ - ၅၀၅ (က) နဲ့ ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ သတင်းရယူရင်း ဖမ်းဆီးခံရတဲ့ သတင်းထောက် ၁၁၂ ဦးရှိပြီလို့ Myanmar Press Freedom in-Depth ရဲ့ ထုတ်ပြန်ချက်အရ သိပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013