DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦးသေ၊ စစ်သုံ့ပန်း ၂ ဦးအရှင်ဖမ်းမိ
DVB
·
August 19, 2022
စစ်ကောင်စီတပ်နှင့် ကော်ဘရာစစ်ကြောင်း တိုက်ပွဲဖြစ်၊ စစ်ကောင်စီဘက်က ၆ ဦးသေ၊ စစ်သုံ့ပန်း ၂ ဦးအရှင်ဖမ်းမိ
1 / 3
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီ-ဝေါလေ ကားလမ်းမပေါ်က ဘုရားကုန်းမှာ ဇူလိုင် ၁၉ ရက်က စစ်ကောင်စီတပ်တွေနဲ့ ကော်ဘရာစစ်ကြောင်းတို့ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က ၆ ယောက်သေဆုံးပြီး ၂၁ ဦး အပြင်းအထန် ဒဏ်ရာရရှိသွားတဲ့အပြင် စစ်သုံ့ပန်း ၂ ယောက်ကို အရှင်ဖမ်းမိခဲ့တယ်လို့  ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က MA (1) သေနတ် ၁ လက်၊ MA (2) သေနတ် ၁ လက်၊ ကျည်ကာ စစ်ခမောက် ၂ လုံး၊  RPG ဗုံးသီး ၂ လုံး၊ RPG ပို့ယမ်း ၂ တောင့်၊ ကျည်ကာ ၂ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀၀၀ တောင့်၊ ကျည်ဘောက် ၇ ခု၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ၆၀ မမ ဗုံးသီး ၄ လုံးတို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

အရှင်ဖမ်းဆီရမိတဲ့ စစ်ကောင်စီ တပ်သား ၂ ယောက်ကတော့ ဒုတပ်ကြပ် ထင်ကျော်၊ ကိုယ်ပိုင်အမှတ် (တ-၃၇၄**၀) နဲ့ တပ်သားမင်းသူ၊ ကိုယ်ပိုင်အမှတ် (တတ-၁၂၅**၅) တို့ဖြစ်ကြပြီး ကော်ဘရာစစ်ကြောင်းက ဂျီနီဗာကွန်ဗားရှင်းနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ချမှတ်ထားတဲ့ စစ်သုံ့ပန်း စည်းမျဉ်း ဥပဒေတွေနဲ့အညီ  ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

မြဝတီ-ဝေါလေမြိုင်လမ်းမကြီးအတိုင်း စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်တွေ သရက်ပင်စခန်းအနီး  KNLA  ပူးပေါင်းတပ်ဖွဲ့တွေ စောင့်နေတဲ့ နေရာကို ရောက်ရှိလာပြီး နှစ်ဘက်တိုက်ပွဲဖြစ်ကာ ၁ နာရီအကြာမှာ စစ်ကောင်စီတပ်ဖွဲ့ နှစ်ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့တာလို့  ကော်ဘရာတပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။

မနက်ပိုင်း ၃ နာရီခွဲကျော်လောက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ၈ နာရီလောက်မှာတော့ အကြမ်းဖက် စစ်ကောင်စီဘက်က တိုက်ခိုက်ရေး တပ်ရင်းတွေ၊ လက်ရုံးတပ်ဖွဲ့တွေ အင်အားတိုးချဲ့ကာ ထပ်မံစုဖွဲ့ပြင်ဆင်ပြီး စစ်မျက်နှာ ၄ ခုထက်မနည်းဖွင့်ကာ လက်နက်ကြီး၊ လက်နက်ငယ်တွေ ပုံအောပစ်ခတ်ပြီး ကျူးကျော်ထိုးစစ် ပြန်လည်စတင်ခဲ့ပြီး တနေ့တာတိုက်ပွဲတွေအတွင်း ကော်ဘရာစစ်သည်တော် ၃ ယောက်ကတော့ မစိုးရိမ်ရတဲ့ ဒဏ်ရာ အနည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ တနေ့တာလုံး တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး သတင်းထုတ်ပြန်ချိန်ညနေ ၇ နာရီ အချိန်အထိ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်ကာ အကြမ်းဖက် စစ်ကောင်စီဘက်က တိုက်လေယာဉ်တွေ၊ ၁၂၂ မမ ဟောက်ဝင်ဇာ အမြှောက်တွေ၊ ၆၀ မမ၊ ၈၁ မမ အမြောက်တွေအပြင် အတွဲလိုက်စနစ်သုံး ဒုံး MLRS တွေပါ အသုံးပြုပြီး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေဒေသလုံခြုံရေးအတွက် ကော်ဘရာစစ်သည်တော်တွေအနေနဲ့ ဆက်လက်ဆောင်ရွက် နေပြီး နယ်မြေတွင်း ဘယ်နေရာကိုမှ လက်လွှတ်ဆုံးရှုံးခဲ့ရတာမျိုး မရှိသေးပဲ ပြင်းထန်တဲ့ ဒီကနေ့တိုက်ပွဲအတွင်း  ကော်ဘရာစစ်ကြောင်းရဲ့ စစ်သုံးယာဉ် တချို့၊ လက်နက်တချို့ ထိခိုက်ပျက်စီးခဲ့ရသလို အကြမ်းဖက် စစ်ကောင်စီ တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိပေမယ့် တိုက်ပွဲ ဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတပ်ဖွဲ့က သုံးထပ်ကွေ့အနီးနဲ သက်ရက်ပင်ဘက်ကို ပစ်ကူပေးခဲ့သလို  မော်ဘီအခြေစိုက်လေတပ်က တိုက်လေယာဉ်တွေနဲ့  ၂ ကြိမ်လောက် လာရောက်ဗုံးကြဲသွားတယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။

ညနေအထိ တိုက်ပွဲဆက်ဖြစ်နေပြီး ကော့ကရိတ်မြို့တောင်ဘက် တစ်မိုင်ကုန်းရွာ၊ အန်ကောင်ရွာနဲ့ တခြားကျေးရွာတွေကို  ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က ညနေ ၅ နာရီမှ ၆ နာရီအထိ ပစ်ခတ်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဇွန် ၁ ရက်ကနေ အခုနှစ် မေ ၁၇ ရက်အထိ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအရ ဖော်ပြထားခဲ့တာဖြစ်ပြီး မြန်မာပြည်အနှံ့ တိုက်ပွဲတွေမှာ တပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရမှု အခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013