DVB Logo
Home
မြန်မာသတင်း
အောင်လံလွှင့်ချီ နွေဦးထီ စတင်ထိုးနိုင်၊ နိုင်ငံတကာအရောင်းကိုယ်စားလှယ်များစာရင်း ထုတ်ပြန်
DVB
·
August 19, 2022
အောင်လံလွှင့်ချီ နွေဦးထီ စတင်ထိုးနိုင်၊ နိုင်ငံတကာအရောင်းကိုယ်စားလှယ်များစာရင်း ထုတ်ပြန်
Donate to DVB

အောင်လံလွှင့်ချီ နွေဦးထီကို စတင်ထိုးနိုင်ပြီဖြစ်ကာ နိုင်ငံတကာက အရောင်းကိုယ်စားလှယ်တွေ စာရင်းကိုလည်း ထုတ်ပြန်လိုက်ပါတယ်။

စတင်ရောင်းချခဲ့ချိန်ကနေ တနှစ်တာကာလအတွင်းမှာ CDM သူရဲကောင်း ၁ သောင်းကျော်ကို ထောက်ပံ့နိုင်ခဲ့တဲ့ အောင်လံလွှင့်ချီ နွေဦးထီဟာ လက်ရှိမှာတော့ အမေရိကန်၊ ယူကေ၊ ဂျာမနီ၊ ဖင်လန်၊ နယူးဇီလန်၊ ဂျပန်၊ ကနေဒါ၊ ထိုင်း စတဲ့နိုင်ငံတွေမှာ တရားဝင်ကိုယ်စားလှယ်တွေ ထားရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပိုပြီးကောင်းမွန်လုံခြုံတဲ့ ဝန်ဆောင်မှုစနစ်ကို ပေးနိုင်ဖို့ နွေဦးထီကို ခေတ္တရပ်နားထားခဲ့တာဖြစ်ပြီး ၁ နှစ်ခရီးအတွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့၊ တော်လှန်ရေးအင်အားစုတွေအတွက် အလုံခြုံ စိတ်အချရဆုံး ဖြစ်တဲ့ NUGpay နဲ့အတူ ပုံစံအသစ်နဲ့ ပြန်လည်ရောင်းချတော့မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပထမဆုံး Blockchain အခြေပြု ဒစ်ဂျစ်တယ်ငွေကြေးတမျိုးဖြစ်တဲ့  “ဒစ်ဂျစ်တယ် မြန်မာကျပ်” (DMMK) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူတွေထံ တရားဝင်မိတ်ဆက်ပြီး ထုတ်ပြန်ခဲ့ပြီဖြစ်ကာ NUG အစိုးရ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်တဲ့ ဒစ်ဂျစ်တယ် မြန်မာကျပ် (DMMK) ဟာ တရားဝင်ငွေကြေးတခုနဲ့ ကျောထောက်နောက်ခံပြုထားတဲ့ blockchain နည်းပညာသုံး ဒစ်ဂျစ်တယ်ငွေကြေးတခု ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ NUGPay ဝန်ဆောင်မှုကို ပြည်တွင်း မြန်မာနိုင်ငံမှာသာမက ပြည်ပရောက်မြန်မာတွေ အများစုရှိတဲ့ ထိုင်း၊ စင်ကာပူ၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ ယူကေ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေမှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ဆက်လက်တိုးချဲ့သွားဖို့လည်း ရှိတယ်လို့ NUG အစိုးရက ပြောထားပါတယ်။

အောင်လံလွှင့်ချီ နွေဦးထီကိုတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၅ ရက်နေ့မှာ စတင်ရောင်းချခဲ့တာဖြစ်ပြီး ထီရောင်းချရမှုရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး ၃၀ ရာခိုင်နှုန်းကို ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားဖို့ ကြေညာထားပါတယ်။

လတ်တလောအချိန်ထိ ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ နွေဦးထီ ကံထူးရှင်တွေထဲက အများစုကတော့ သူတို့ရရှိတဲ့ ထီဆုကြေးငွေတွေကို စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်း ပေးခဲ့တာတွေလည်း ရှိခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီကတော့ နွေဦးထီနဲ့ပတ်သက်ပြီး ဖွင့်လှစ်ရောင်းချသူတွေနဲ့ အားပေးအားမြှောက် ပြုလုပ်သူတွေကို တရားစွဲ၊ ဖမ်းဆီးထောင်ချသွားမယ်လို့ ခြိမ်းခြောက် ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေ သပိတ်မှောက်ပြီး မထိုးဘဲနေတဲ့ အောင်ဘာလေထီကိုလည်း အွန်လိုင်းကနေ ရောင်းချဖို့ အာဏာသိမ်းစစ်ကောင်စီက စီစဉ်နေပေမဲ့ ခုချိန်ထိ အကောင်အထည်ဖော်နိုင်ခြင်း မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013