DVB Logo
Home
မြန်မာသတင်း
နွေဦးထီရောင်းရငွေမှ CDM ဝန်ထမ်းများအတွက် ကျပ်သိန်း ၇,၇၀၀ ကျော် ခွဲဝေပေး
DVB
·
October 16, 2024
နွေဦးထီရောင်းရငွေမှ CDM ဝန်ထမ်းများအတွက် ကျပ်သိန်း ၇,၇၀၀ ကျော် ခွဲဝေပေး
Donate to DVB

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နွေဦးထီရောင်းရငွေကနေ ငွေကျပ်သိန်း ၇,၇၀၀ ကျော်ကို CDM ဝန်ထမ်းတွေအတွက် ခွဲဝေပေးခဲ့တယ်လို့ CDM Success Committee က ထုတ်ပြန်ပါတယ်။

နွေဦးထီ Version 2 ပြန်လည်စတင်တဲ့ ၂၀၂၄  မတ်လမှ ဩဂုတ်လအထိ နွေဦးထီမှ အမြတ်ငွေ ကျပ် ၄၂၀,၀၀၀,၀၀၀ ကို ခွဲဝေပေးနိုင်ခဲ့သလို ၂၀၂၄ ဘဏ္ဍာရေးနှစ်ကုန် လက်ကျန်စာရင်း ဖြတ်ရာက ကျန်ရှိတဲ့ ငွေကျပ် ၃၅၃,၁၈၄,၂၉၈ ကို CDM နိုင်ငံ့ဝန်ထမ်းတွေအတွက် ထပ်မံခွဲဝေပေးမှာဖြစ်လို့ အမြတ်ငွေခွဲဝေပေးတဲ့ ပမာဏ စုစုပေါင်း ကျပ် ၇၇၃,၁၈၄,၂၉၈ ဖြစ်တယ်လို့ ဆိုပါတယ်။

NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အနေနဲ့ အောင်လံလွှင့်ချီ နွေဦးထီကို ၂၀၂၁ စက်တင်ဘာလမှာ စတင်ရောင်းချပြီး CDM နိုင်ငံ့ဝန်ထမ်းတွေအတွက် အရေးပေါ်လိုအပ်ချက်တွေကို ထောက်ပံ့ပေးခဲ့တာဖြစ်တယ်လို့ CDM Success Committee က ဆိုပါတယ်။

တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ နွေဦးထီအပေါ် ပြည်သူတွေရဲ့ အာရုံစိုက်မှု တဖြည်းဖြည်း လျော့ကျလာတဲ့အတွက် ၂၀၂၄ မတ်လမှာ ပိုမိုသစ်လွင်တဲ့ အသွင်သဏ္ဌာန်နဲ့ နွေဦးထီ Version 2 ကို ပြင်ဆင်မှုလုပ်ခဲ့တာ ဖြစ်ပါတယ်။

CDM Success Committee အတွင်းရေးမှူး ဒေါက်တာဇော်ဝေစိုးက “CDM နိုင်ငံ့ဝန်ထမ်းများကို ပိုမိုထောက်ပံ့နိုင်ရန် အစဉ်တစိုက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် အောင်လံလွှင့်ချီ နွေဦးထီ ဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ဝိုင်းဝန်းကူညီခဲ့ကြသော နွေဦးထီ ဝိုင်းတော်သားများနှင့် အားပေးဝန်းရံခဲ့ကြသည့် ပြည်သူ တဦးတယောက်ချင်းစီအား  လှိုက်လှဲစွာ အထူးကျေးဇူးတင်ရှိအပ်ပါသည်” လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနဆီ ပေးပို့တဲ့စာမှာ ရေးသားထားပါတယ်။

နွေဦးထီကို ၁ စောင် ကျပ် ၂,၀၀၀ နဲ့ အွန်လိုင်းကနေ ရောင်းချပေးနေတာဖြစ်ပြီး လစဥ် ထီလက်မှတ်စောင်ရေ ၁၅၀,၀၀၀ နီးပါး ရောင်းချနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

နွေဦးထီရဲ့ အမြင့်ဆုံးဆုငွေမှာ ကျပ်သိန်း ၅,၀၀၀ ဖြစ်ပြီး တခြားဆုပေါင်း ၂၀,၀၀၀ ကျော် ပါဝင်ကာ ထီလက်မှတ်ရောင်းရငွေရဲ့ ၃၀ ရာခိုင်နှုန်းကို ဆုငွေအနေနဲ့ ပြန်ထုတ်ပေးပြီး ကျန် ၇၀ ရာခိုင်နှုန်းကို CDM ဝန်ထမ်းတွေအတွက် သုံးစွဲတာဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013