DVB Logo
Home
မြန်မာသတင်း
ရေး-သံဖြူဇရပ်ကားလမ်းတွင် သွားလာမည့်ယာဉ်များ လိုက်နာရမည့်အချက် YGF ထုတ်ပြန်
DVB
·
August 19, 2022
ရေး-သံဖြူဇရပ်ကားလမ်းတွင် သွားလာမည့်ယာဉ်များ လိုက်နာရမည့်အချက် YGF ထုတ်ပြန်
Donate to DVB

ရန်ကုန်-ရေး-ထားဝယ်-မြိတ် ကားလမ်းပိုင်းရှိ ရေးမြို့နယ် မလွှဲတောင်ကနေ သံဖြူဇရပ် မြို့နယ်စပ်အထိ ကားလမ်းမှာ အိမ်စီးကားတွေ၊ ခရီးသည်တင်ကားတွေနဲ့ ကုန်တင်ကားတွေ လိုက်နာရမယ့် အချက် ၃ ချက်ကို ရေး ပြောက်ကျားတပ်ဖွဲ့ (YGF) က သြဂုတ် ၁၈ ရက်မှာ ထပ်မံ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

ကားမှန်တံခါးတွေ အောက်ချပြီး စတေကာအမည်း ကပ်ထားပါက ခွာပြီး သွားလာကြဖို့၊ ယာဉ်တွေ တာလပတ် မကာထားဖို့နဲ့ စစ်ကောင်စီကားတန်းတွေနဲ့ ယှဉ်တွဲပြီး ကပ်မလိုက်ကြဖို့ အသိပေးခဲ့တာပါ။

ရေး-သံဖြူဇရပ် ကားလမ်းပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသဆိုင်ရာ PDF တွေရဲ့ မကြာခဏ ကြားဖြတ် ချုံခိုတိုက်ခိုက်ခံရပြီး အထိအခိုက် အကျအဆုံးလည်း များပြားခဲ့တာကြောင့် နှစ်ဖက် အပြန်အလှန် ပစ်ခတ်ရာမှာလည်း အရပ်သားတွေ ထိခိုက်တာ မဖြစ်စေချင်ဘူးလို့ ရေး PDF တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီလက်အောက်ခံတပ်တွေ တိုက်ခိုက်ခံရလေ့ရှိတာကြောင့် အခုဆိုရင် ရေးမြို့နယ်ရှိ PDF လှုပ်ရှားနယ်မြေဘက်ကို စစ်အင်အားဖြည့်တင်းခဲ့သလို မြို့တွင်းမြို့ပြင်တွေမှာလည်း ကင်းပုန်းဝပ်တာ၊ လှည့်ကင်းပတ်တာတွေပါ အရင်ကထက် လုံခြုံရေး ပိုမိုယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013