DVB Logo
Home
မြန်မာသတင်း
PMG စက်ရုံလုပ်သားများ၏ ရက်မှန်ကြေးရရှိရေးတောင်းဆိုချက် အောင်မြင်
DVB
·
August 18, 2022
PMG စက်ရုံလုပ်သားများ၏ ရက်မှန်ကြေးရရှိရေးတောင်းဆိုချက် အောင်မြင်
Donate to DVB

ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုန်ရှိ PMG စက်ရုံ၊ ပုလင်းခွံသန့်စင်ဌာနက အလုပ်သမားတွေရဲ့ ရက်မှန်ကြေး ပြန်လည်ရရှိရေး သပိတ်မှောက်တောင်းဆိုချက်ကို စက်ရုံဘက်က လက်ခံလိုက်တယ်လို့ သပိတ်ဦးဆောင်သူတဦးက ပြောပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ဒီနေ့ နေ့လယ်က ရန်ကုန်တိုင်းဒေသကြီး အလုပ်သမားရုံးမှာ အပြီးသတ်ညှိနိူင်းတဲ့အခါမှာ သဘောတူညီမှုရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီနေ့အပြီးသတ်ညှိနိူင်းမှုမှာ အလုပ်သမားတွေ နဂိုတောင်းဆိုတဲ့ လစာရဲ့ ၁၀ ရာခိုင်နှုန်းရက်မှန်ကြေး ရရှိရေး ပမာဏတော့ မရခဲ့ဘဲ အလုပ်ရှင်ဘက်က လစာရဲ့ ၅ ရာခိုင်နှုန်းပေးမယ်ဆိုတဲ့အပေါ် သပိတ်မှောက်လုပ်သားတွေက လက်ခံလိုက်ကြတာလို့ သပိတ်ခေါင်းဆောင်က ပြောပါတယ်။

အခု ညှိနိူင်းမှုမတိုင်ခင် အလုပ်သမားတွေက မူလတောင်းဆိုတဲ့ ၁၀ ရာခိုင်နူန်းကနေ ၂ ရာခိုင်နှုန်းလျှော့ပြီး လစာရဲ့ ၈ ရာခိုင်နှုန်းပေးဖို့ လျှော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ကျ စက်ရုံဘက်ကနေ တမျိုးပြန်ညှိတယ်။ တိုင်းဦးစီးတွေကလည်း အလုပ်သမားတွေအတွက် ပိုသာတယ်၊ လက်ခံဖို့ပြောတာနဲ့ လက်ခံပေးလိုက်တယ်” လို့ သပိတ်ခေါင်းဆောင်က ပြောပါတယ်။

အခု သဘောတူညီလိုက်တဲ့ နှုန်းထားဟာ မူလတောင်းဆိုတာထက် လျော့နည်းပေမယ့် မပေးဖို့ ငြင်းဆန်ခံရတာထက်စာရင် တောင်းဆိုမှုက အောင်မြင်တယ်လို့ ဆိုပါတယ်။

PMG စက်ရုံဟာ ဌာနခွဲများစွာရှိပြီး လုပ်သားစုစုပေါင်း ၆၀၀ ကျော်နဲ့ လည်ပတ်နေတာပါ။

အခုသပိတ်မှောက်လူပ်ရှားမူမှာ ပုလင်းခွံသန့်စင်ဌာနက အလုပ်သမား ၃၇ ဦးကသာ နောက်ဆုံးအဆင့်ပါဝင်ပေမယ့် သဘောတူညီမူရတဲ့ ခံစားခွင့်ကို ကျန်အလုပ်သမားတွေပါ ရရှိမယ်လို့ သပိတ်ခေါင်းဆောင်က ပြောပါတယ်။

“ကျမက တောင်းဆိုချက်အပြည့်အဝမရလို့ ဝမ်းနည်းတယ်။ ဘာမှမရတာထက်စာရင် အခုက ကိုယ်တွေ နိုင်တယ်ဆိုတဲ့ စိတ်နဲ့ဖြေသိမ့်ရတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013