DVB Logo
Home
မြန်မာသတင်း
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာများနှင့် တွေ့ဆုံ
DVB
·
August 17, 2022
ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ ရိုဟင်ဂျာများနှင့် တွေ့ဆုံ
Donate to DVB

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မစ်ရှဲလ်ဘာချီလက်ဟာ မြန်မာနိုင်ငံကနေ ထွက်ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေရှိရာ ကော့ခ်ဘဇားမြို့ကို သွားရောက်ပြီး ရိုဟင်ဂျာတွေနဲ့  ဩဂုတ် ၁၆ ရက်က တွေ့ဆုံခဲ့ပါတယ်။

ဒါ့အပြင် ဒုက္ခသည်စခန်းရှိ လူမှုရေးအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအပါအဝင် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်းတွေက အရာရှိတွေနဲ့ လည်း တွေ့ဆုံခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ  ရိုဟင်ဂျာဒုက္ခသည်စုစုပေါင်း ၁ ဒသမ သန်းလောက်ရှိပြီး အများစုက ကော့ခ်ဘဇားရှိ ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြတာပါ။ 

ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သူ့ရဲ့ ပထမဆုံးတရားဝင် ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာ ဘာသာရေးခေါင်းဆောင်တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံပြီး သူတို့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြဿနာတွေကို ဆွေးနွေးခဲ့ပါတယ်။

ကော့ခ်ဘဇားမြို့ ဒုက္ခသည်စခန်းက အမျိုးသမီးသီးသန့်ဆောင်မှာ ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး သူတို့ရဲ့ ပူပန်သောက၊ နာကျင်မှုတွေနဲ့ သူတို့ပိုင်ဆိုင်သမျှတွေကို ချန်ထားပြီး ထွက်ပြေးလာခဲ့ကြရတဲ့အကြောင်းတွေကို သိခဲ့ရတယ်လို့  မစ်ရှဲလ်ဘာချီလက်က ပြောပါတယ်။

သူတို့ကို ထောက်ပံ့ကူညီဖို့ ကုလသမဂ္ဂက တတ်နိုင်သမျှ လုပ်သွားမယ်၊ ဒါ့အပြင်ကို သူတို့ မြန်မာနိုင်ငံကို ဘေးကင်းကင်းနဲ့ အနှောင့်အယှက်မရှိ ပြန်နိုင်ဖို့အတွက် ပြဿနာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ပြီး ပြေလည်အောင်ဆောင်ရွက်ရမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဒါကာမြို့မှာ ရောက်ရှိနေစဉ်အတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အေကေအဗ္ဗဒူလ်မိုမန် အပါအဝင် တခြားဝန်ကြီးများနဲ့ တွေ့ဆုံခဲ့သလို လူမှုရေးအဖွဲ့အစည်းတွေရဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာ ဆောင်ရွက်မှုတွေနဲ့ ဆက်စပ်လုပ်ငန်းတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ထုတ်ပြီး ကူညီဖြေရှင်းပေးနိုင်စေဖို့ လူမှုအဖွဲ့အစည်းတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍဖြစ်ကြောင်းကိုလည်း အလေးပေး ပြောကြားသွားခဲ့ပါတယ်။ 

ရိုဟင်ဂျာ ဒုက္ခသည်တွေကတော့ နိုင်ငံသားအခွင့်အရေးနဲ့အညီ ဘေးကင်းလုံခြုံစွာ မြန်မာပြည်ပြန်နိုင်ရေးအတွက် ကမ္ဘာ့အင်အားအကြီးဆုံးအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်အောင် ဖန်တီးပေးဖို့ တိုက်တွန်းတောင်းဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013