DVB Logo
Home
နိုင်ငံတကာ
ထိုင်းဝန်ကြီးချုပ်သစ် မတ် ၁၉ ရက်နေ့ ရွေးကောက်တင်မြှောက်မည် 
DVB
·
August 17, 2022
 ထိုင်းလွှတ်တော်ဥက္ကဋ္ဌ နိုင်းဆိုဖုန်း ဆားလမ်း။ (Photo : PPTV)
ထိုင်းလွှတ်တော်ဥက္ကဋ္ဌ နိုင်းဆိုဖုန်း ဆားလမ်း။ (Photo : PPTV)
Donate to DVB

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌ ၂ ယောက် ရွေးကောက် တင်မြှောက်ပြီးတဲ့နောက်  ခုလာမဲ့ မတ် ၁၉ ရက်မှာ လွှတ်တော်အစည်းအဝေး ထပ်မံခေါ်ယူပြီး နိုင်ငံတော်ရဲ့ ၃၃ ယောက်မြောက် ဝန်ကြီးချုပ်ကို ရွေးချယ်တင်မြှောက်မယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ 

ရွေးချယ်ခံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသစ် နိုင်းဆိုဖုန်း ဆားလမ်းက ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ် ၁၉ ရက် မနက် ၁၀ နာရီမှာ ကျင်းပမယ်၊ အဲဒီနေ့မှာ ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်မယ်။ သင်္ကြန်မတိုင်ခင် အာဏာအပြည့်အဝရှိတဲ့ အစိုးရကို တွေ့ချင်တယ်၊ လတ်တလော အကျပ်အတည်းတွေ များစွာရှိနေတယ်၊ အာဏာရအစိုးရ ဖြစ်မှသာလျှင် ပြဿနာ အခက်အခဲတွေကို အရည်အသွေးပြည့်စွာ ဆောင်ရွက်နိုင်မယ်လို့  ပြောပါတယ်။ 

ဝန်ကြီးချုပ်သစ် ရွေးချယ်တင်မြှောက်ပွဲမှာ ဆန္ဒမဲအများဆုံး အနိုင်ရထားတဲ့ ဖုမ်ကျိုင်းထိုင်းပါတီ ခေါင်းဆောင် လက်ရှိ ယာယီဝန်ကြီးချုပ် နိုင်းအနုထင်း ချန်းဝီရကွန်းသာရဖို့ သေချာသလောက်ရှိကြောင်း ထိုင်းနိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပါတယ်။ 

ဝန်ကြီးချုပ် ရွေးချယ်တင်မြှောက်မှုမှာ ရရှိမဲ့ ဆန္ဒမဲအရေအတွက်က လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်တင်မြှောက်စဉ် ရရှိခဲ့တဲ့ ဆန္ဒမဲနဲ့ ကွာခြားမှုရှိမှာ မဟုတ်ဘဲ ဘယ်လိုတွက်တွက် နည်းဆုံး ၃၀၀ ကျော်တော့ ရနေမှာဖြစ်တယ်လို့  ThaiPBS သတင်းသုံးသပ်ချက်မှာ ဖော်ပြပါတယ်။ 

လွှတ်တော်ဥက္ကဋ္ဌ ရွေးကောက်စဉ်က ဖုမ်ကျိုင်းထိုင်းပါတီမှ နိုင်းဆိုဖုန်း ဆားလမ်းဟာ ၂၈၉ မဲ ရခဲ့တယ်။ အနိုင်ရ နဲ့ ညွန့်ပေါင်းအဖွဲ့က အားလုံးမဲပေးခဲ့တယ်၊ တဦးတည်းသာ ခွင့်ယူလို့ ပျက်ကွက်တယ်။ အတိုက်အခံပါတီဘက်က အဆိုပြုတဲ့ ပြည်သူ့ပါတီ (လိမ္မော်ရောင်) က နိုင်းဖလစ် ဝပ်ထနဆင်ကိုတော့ ပြည်သူ့ပါတီဘက်ကသာ အပြည့်မဲပေးပြီး အတိုက်အခံပါတီချင်း ဖြစ်တဲ့ ကလာ့ထမ်း ပါတီနဲ့ ဒီမိုကရက်ပါတီကတောင် မဲမပေးခဲ့ကြလို့  ၁၂၃ မဲသာ ရခဲ့တယ်လို့ ဆိုပါတယ်။ 

လာမဲ့ ဝန်ကြီးချုပ်ရွေးကောက်ပွဲမှာ အတိုက်အခံပါတီဘက်က အစိုးရဖြစ်ချင်သူတချို့ကလည်း ဝန်ကြီးချုပ်ကို မဲပေးဖို့ အခြေအနေရှိတယ်။ အထူးသဖြင့်  ရွေးကောက်ပွဲမှာ စတုတ္ထမဲအများဆုံး အနိုင်ရထားတဲ့ ကလာ့ထမ်း (အစိမ်းရောင်ပါတီ) က ပါတီခေါင်းဆောင် ဗိုလ်မှူး ထမနတ်ဟာ ဖုမ်ကျိုင်းထိုင်းပါတီဥက္ကဋ္ဌ အနုထင်း ချန်းဝီရကွန်းရဲ့ မိတ်ဆွေဟောင်းဖြစ်တယ်။ ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ တိုင်ပင်ခဲ့စဉ်က ဝန်ကြီးဌာနရာထူး စိတ်ကြိုက်မရတာကြောင့် သဘောထား ကွဲလွဲမှုရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ 

တဘက်မှာလည်း ဖုမ်းကျိုင်းထိုင်းပါတီဥက္ကဋ္ဌ အနုထင်း ချန်းဝီရကွန်းဟာ ယခင်အစိုးလက်ထက် အထက်လွှတ်တော်အမတ် ရွေးချယ်တင်မြှောက်စဉ် မသမာမှုတွေရှိကြောင်း တိုင်ကြားခံထားရတဲ့ အမှုလည်း ရှိနေပါတယ်။ 

ပြည်သူ့ပါတီ (လိမ္မော်ရောင်) အားပေးတဲ့ဘက်ကတော့ အတိုက်အခံပါတီဥက္ကဋ္ဌ နာ့သ်ဖုန်း ရိန်းပန်းယားဝုဒ် ကို ဝန်ကြီးချုပ်အဖြစ် ဝင်ရောက်အရွေးခံဖို့ အားပေးနေကြပါတယ်။ 

Future Forward Party ထူထောင်သူ နိုင်းထနားထွဏ်း ကျင်ရုန့်ရိန်းကစ်ကတော့ ရှုံးနိမ့်တဲ့ပါတီက အနိုင်ရပါတီကို ယှဉ်ပြီး ဝန်ကြီးချုပ် အရွေးချယ်ခံမယ်ဆိုတာ မျက်နှာပြောင်ရာကျတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်က ပြောခဲ့ဖူးပါတယ်။ 

Source: ThaiPBS / PPTV HD 36  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013