DVB Logo
Home
မြန်မာသတင်း
လက်နက်ကိုင်တော်လှန်ရေးအတွက် ကျောင်းသားလက်ရုံးတပ်တော် တပ်သားသစ်စုဆောင်းနေ
DVB
·
August 17, 2022
လက်နက်ကိုင်တော်လှန်ရေးအတွက် ကျောင်းသားလက်ရုံးတပ်တော် တပ်သားသစ်စုဆောင်းနေ
Donate to DVB

ပြည်သူ့ခုခံတော်လှန်စစ်ပွဲကာလအတွင်း လက်နက်ကိုင်တော်လှန်ရေးအတွက် ကျောင်းသားလက်ရုံးတပ်တော်နဲ့အတူ တိုက်ပွဲဝင်မယ့် တပ်သားသစ်တွေ စုဆောင်းခေါ်ယူနေပါတယ်။

ကျောင်းသားသမဂ္ဂ ခွပ်ဒေါင်းအလံတော်အောက်မှာ ကျောင်းသားလက်ရုံးတပ်တော်နဲ့အတူ တိုက်ပွဲဝင်ကြမယ့် တပ်သားသစ်တွေ ခေါ်ယူမှုမှာတော့ တက္ကသိုလ်ကျောင်းသား ရဲဘော်တွေသာမကဘဲ အမှန်တရားအတွက် အသက်ပင်ပဓာဏမထား တော်လှန်တိုက်ပွဲဝင်ကြမယ့် ကျောင်းသားစိတ်ဓာတ်ရှိသူ ဘယ်သူမဆို အမှုထမ်းဆောင်နိုင်မယ်လို့ ဆိုပါတယ်။ ‌

တပ်တော်ကို ဝင်ရောက်အမှုထမ်းလိုသူတွေအနေနဲ့ တပ်တော်ရဲ့ တရားဝင် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာကတဆင့် ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ကာ မူဝါဒတွေအနေနဲ့ ကျောင်းသားလက်ရုံးတပ်တော် တပ်ဖွဲ့ဝင်လောင်းတွေဖြစ်တာနဲ့အညီ တပ်တော်ရဲ့ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ မူဝါဒတွေနဲ့ သစ္စာအဓိဋ္ဌာန်တွေကို လက်ခံနိုင်သူဖြစ်ရမယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် လက်နက်ကိုင်တော်လှန်ရေးအတွက် စိတ်ပိုင်းဖြတ်ပြီးသူ၊ အသက် ၁၈ နှစ်ကနေ ၅၀ နှစ်အတွင်း အခြေခံကျန်းမာရေးကောင်းမွန်သူဖြစ်ရမှာဖြစ်ပြီး တပ်တော်ကနေ ပေးအပ်လာတဲ့ အမိန့်နဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူလူထုတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာဖြစ်ပြီး နိုင်ငံတဝန်းမှာတော့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေလည်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ချက်မှာတော့ ပြည်သူ့ခုခံတွန်းလှန်စစ် ၁ နှစ်တာ ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅,၀၀၀ နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ အယောက် ၄,၈၀၀ ကျော်ထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနိုင်ငံလုံးအတိုင်းအတာနဲ့ PDF နဲ့ ညီနောင်မဟာမိတ်တပ်ရင်း ၂၅၇ ရင်းရှိပြီး ဒီထဲက တပ်ရင်း ၁၀၁ ရင်းကို ဝန်ကြီးဌာနက စိစစ်အတည်ပြုပြီး ကျန်တဲ့တပ်ရင်းတွေကိုလည်း ဆက်လက် စစ်ဆေး အတည်ပြုနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးက အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတာ တနှစ်ပြည့် အစီရင်ခံစာမှာ ပြောထားပါတယ်။

မြို့နယ်တွေကို အခြေခံဖွဲ့စည်းတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဟာလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျဖွဲ့စည်းပြီးဖြစ်ကာ မြို့ပြပြောက်ကျား ကျေးလက်ပြောက်ကျား အဖွဲ့ပေါင်း ၄၀၀ ကျော်ကို ဝန် ကြီးဌာနက စာရင်းပြုစုရရှိထားပြီး ဒီထဲက ၆၀ ရာခိုင်နှုန်းကျော်ဟာ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ချိတ်ဆက်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ စစ်ကောင်စီရဲ့ အဆိုးဆုံး အကြမ်းဖက်တာခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက မြန်မာပြည် အထက်ပိုင်းလမ်းပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို PDF တွေက ထိန်းချုပ်ထားနိုင်ပြီလို့ ဇွန် ၂၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပြီး လက်ရှိ မြေပြင်မှာ အကြမ်းဖက်ခံနေရတဲ့ ကျေးရွာတွေဟာ စစ်ကောင်စီနဲ့ PDF တွေ နှစ်ဖက်စလုံး မထိန်းချုပ်နိုင်သေးတဲ့ ကြားနယ်မြေတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013