DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီလွှတ်တော်အမတ်များအပါအဝင် ၄၉၁ ဦးကို နိုင်ငံရေးပင်စင်ငွေကျပ် သန်းပေါင်း ၄၀၄၀ ကျော်ပေးခဲ့ဟု စစ်ကောင်စီကြေညာ
DVB
·
August 16, 2022
အန်အယ်လ်ဒီလွှတ်တော်အမတ်များအပါအဝင် ၄၉၁ ဦးကို နိုင်ငံရေးပင်စင်ငွေကျပ် သန်းပေါင်း  ၄၀၄၀  ကျော်ပေးခဲ့ဟု စစ်ကောင်စီကြေညာ
Donate to DVB

အန်အယ်လ်ဒီလွှတ်​တော်ကိုယ်စားလှယ် ၂၁၇ ယောက် အပါအဝင် တခြားပါတီတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေးပါတီဝင်မဟုတ်တဲ့ တသီးပုဂ္ဂလတွေအပါအဝင် စုစုပေါင်း  ၄၉၁ ယောက်ကို နိုင်ငံရေးပင်စင်ငွေကျပ် သန်းပေါင်း  ၄၀၄၀  ကျော်ပေးခဲ့တယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။

ပြီးခဲ့တဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံရေးပင်စင်အဖြစ် ငွေကျပ် သန်းပေါင်း ၄၀၄၀ ကျော် ပေးခဲ့တာလို့ စစ်ကောင်စီပြန်ကြားရေးက ဩဂုတ် ၁၆ ရက်ညမှ ထုတ်ပြန်လိုက်တာပါ။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် ၉ ယောက်၊ ပြည်နယ်နဲ့တိုင်းအဆင့် ပုဂ္ဂိုလ် အယောက် ၅၀၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၅၂ ယောက်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၈၈ ယောက်၊ ပြည်နယ်နဲ့တိုင်း လွှတ်တော်ကိုယ်စားလှယ် ၁၉၂ ယောက်တို့ကို သူတို့လစဉ်ရတဲ့ ချီးမြှင့်ငွေကို အခြေခံပြီး တလုံးတခဲတည်း ချီးမြှင့်ငွေပေးတာ လို့ဆိုပါတယ်။

ဒီလို ပင်စင်ရဖို့ လျှောက်ထားရတယ်လို့လည်း သတင်းမှာဖော်ပြထားပြီး ကျန်နေသေးတဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေကိုလည်း နိုင်ငံရေးပင်စင် ပေးးနိုင်ဖို့ စိစစ်နေတယ်လို့ဆိုပါတယ်။

နိုင်ငံရေးပင်စင်ရခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကတော့ အန်အယ်လ်ဒီပါတီက ၂၁၇ ယောက်၊ ကြံ့ခိုင်ရေးပါတီက ၉၈ ယောက်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ၄၃ ယောက်၊ ရခိုင်အမျိုးသားပါတီက ၃၉ ယောက်၊ ပအိုးဝ်အမျိုးသားအဖွဲ့ချုပ်ပါတီက ၅ ယောက်၊  တအားင်(ပလောင်)အမျိုးသားပါတီက ၆ ယောက်၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက ၃ ယောက်၊ ကချင်ပြည်နယ် ဒီမိုကရေစီပါတီနဲ့ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့က ၄ ယောက်စီပါဝင်ပါတယ်။

မွန်အမျိုးသားပါတီနဲ့ ကိုးကန့် ဒီမိုကရေစီနဲ့ညီညွတ်ရေးပါတီတို့ကတော့ ၂ ယောက်စီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)၊ ကရင်ပြည်သူ့ပါတီ၊  ချင်းဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနဲ့ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ၁ ယောက်စီဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးတော့ နိုင်ငံရေးပါတီဝင်မဟုတ်သူ ၄၃ ယောက်နဲ့ တသီးပုဂ္ဂလ ၁၃ ယောက်ပါတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက အခုလို ထုတ်ပြန်ထားပေမဲ့  လွှတ်တော်အမတ်တွေအနေနဲ့ နိုင်ငံရေးပင်စင်ငွေတွေကို အမှန်တကယ် ထုတ်ယူခွင့်ရတယ် မရဘူးဆိုတာကတော့ မသိရသေးပါဘူး။ 

ဒုတိယအကြိမ် လွှတ်တော်သက်တမ်းကုန်ဆုံးပြီး တတိယအကြိမ် လွှတ်တော်သက်တမ်း ပြန်စမယ့်အချိန်မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းယူခဲ့တာဖြစ်ပြီး  ရွေးကောက်ခံ အန်အယ်လ်ဒီလွှတ်တော်အမတ် အများအပြား ဖမ်းဆီးခံရ၊ နေရပ်စွန့်ခွာထွက်ပြေးနေရတာ ဖြစ်ပါတယ်။  

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013