DVB Logo
Home
မြန်မာသတင်း
ကျိုက်ထိုတွင် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
DVB
·
August 15, 2022
ကျိုက်ထိုတွင် တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံး
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၉ နာရီလောက်က စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး တိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က DVB  ကို ပြောပါတယ်။

ကျိုက်ထိုမြို့နယ် မရမ်းချောင်းဘက်ကနေ အရပ်သား အိမ်စီးကား (Toyota Wish) အဖြူရောင်ကားကို အသုံးပြုပြီး အရပ်သားဝတ်နဲ့ မောင်းနှင်းလာတဲ့ စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်းပြီး တိုက်ခိုက်ခဲ့တာပါ။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF ပူးပေါင်းအဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ရဲတပ်ဖွဲ့ဝင် ၂ ဦး အခင်းဖြစ်ရာ နေရာမှာပဲ သေဆုံးခဲ့ပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

ပြင်းထန်ဒဏ်ရာရှိခဲ့တဲ့သူဟာ တရားခံ ဒါမှမဟုတ် စစ်ကောင်စီ စစ်တပ်သား ၁ ဦး ဖြစ်တယ်လို့ ပြောဆိုနေကြပေမယ့် DVB အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

တိုက်ခိုက်ခံရပြီး သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့သူ ၁ ဦးကိုတော့ စစ်ကောင်စီတပ်က လာရောက် ကောက်ယူသွားပြီး ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ရှိသူတဦးက ပြောပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ မရမ်းချောင်နယ်ထိန်း ရဲတပ်ကြပ်ကြီး စိုးမင်းနဲ့ ရဲတပ်သားတဦး ဖြစ်တယ်လို့ သိရပါတယ်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာဟာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံနေရတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013