DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းအတွင်း နမခစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီပစ်မှတ်များကို PDF တပ်များက တိုက်ခိုက်
DVB
·
August 14, 2022
စစ်ကိုင်းတိုင်းအတွင်း နမခစစ်ဌာနချုပ်အပါအဝင် စစ်ကောင်စီပစ်မှတ်များကို PDF တပ်များက တိုက်ခိုက်
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာအခြေစိုက် စစ်ကောင်စီရဲ့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) တပ် အတွင်းကို ဩဂုတ် ၁၂ ရက်ညက လက်နက်ကြီး ၁၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း - ၂ က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းအဖွဲ့တွေက  လက်လုပ်လက်နက်ကြီး ၁၂၀ မမ ၄ လုံး ၊ ၆၀ မမ ၁၄ လုံးနဲ့  ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ထဲမှာ  ထိခိုက်မှုအခြေအနေကို အတည်ပြုလို့ မရသေးပါဘူး။

တပ်ရင်း - ၂ တာဝန်ရှိသူက “တပ်တွင်းအဆောက်ဦးတွေတော့ထိတယ်။ အဲ့လောက်ပဲသိရတယ်။ လူအသေအပျောက်ကတော့ ကျနော်တို့အနေနဲ့ မသိနိုင်ပါဘူး။ နမခ တပ်ကို တော်လှန်ရေး အင်အားစုတွေ အကြိမ်ကြိမ် သွားတိုက်နေတာ။ ဒီတစ်ခါ ထိချက်မှန်ပြီး အကောင်းဆုံးပဲလို့ ပြောလို့ရတယ်”လို့ ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော်(Chindwin Attack Force) တပ်ရင်း - ၂ တပ်ခွဲ - ၄ Fight For People F.F.P ၊ Future Star -LPDF နဲ့Cobra Sprcial Forces (CSF. LPDF) တို့က လက်နက်ကြီး ၁၈ လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျပ် သိန်း ၂၀ ဝန်းကျင် ကုန်ကျစရိတ်ရှိတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာတော့ ဩဂုတ် ၁၁ ရက်က ကလေးနည်းပညာတက္ကသိုလ်မှာတပ်စွဲ ဂိတ်စောင့်နေတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ကို တော်လှန်ရေးတပ်ဖွဲ့တွေက ချောင်းမြောင်းပစ်ခတ်ခဲ့တာမှာ စစ်ကောင်စီတပ်သား တယောက်သေဆုံးပြီး တယောက် ဒဏ်ရာရသွားတယ်လို့  ကလေးUGFတာဝန်ခံက ဒီဗွီဘီကိုပြောပါတယ်။

သာစည်ကျေးရွာဘက်မှာ စစ်ကြောင်းထိုးပြီး ယာစောင့်တဲတွေကို မီးရှို့ခဲ့တဲ့ စစ်ကောင်စီတပ်သား တယောက်နဲ့ သုံးအိမ်စုကျေးရွာကို မီးရှို့ဖို့ စစ်ကောင်စီထံ သတင်းပေးခဲ့ ဒလန်တယောက်ကိုလည်းဖ ဖမ်းဆီးကာ စစ်တပ်သတင်းပေးဖြစ်ကြောင်း အချက်အလက်တွေနဲ့ တွေ့ရှိရတာကြောင့် ရှင်းလင်းခဲ့တယ်လို့ ကလေးUGFက ထုတ်ပြန်ထားပါတယ်။

ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ တိုက်ပွဲပြင်းထန်နေကာ တိုက်ပွဲဖြစ်ပွားရာကျေးရွာတွေအနီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ လေဘိုကျေးရွာမှာတော့  ဩဂုတ် ၁၃ ရက် ညနေ ၅ နာရီလောက်က ပြည်သူတွေကို ခြိမ်းခြောက် ငွေညှစ်ပြီး ရွှေမျော လုပ်ကိုင်နေသူတွေဆီက မတရားဆက်ကြေးငွေ‌ တောင်းယူနေတဲ့ စစ်ကောင်စီဒေါက်တိုင် ပျူစောထီးအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဝန်းသို PDF အဖွဲ့က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဝန်းသို တော်လှန်ရေးရဲဘော်တဦးက "ပျူစောထီးနဲ့ (စခ..) ၄ ကောင်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။ ကျနော်တို့ဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်" လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်မှာတော့ ဒယူးလုံးကင်းနားအနီး ဩဂုတ် ၁၂ ရက်ညပိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဗန်းမောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့သို ဩဂုတ် ၁၃ ရက်မနက်ကလည်း  ဗန်းမောက်မြို့အဝင် နတ်ကြီးကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဗန်းမောက် PDF အဖွဲ့ကထုတ်ပြန်ပါတယ်။

မနေ့ မွန်းလွဲ ၂ နာရီ‌လောက်က စစ်ကောင်စီတပ်သားတွေ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူ ၁ ဦး ဒဏ်ရာနဲ့လဲကျသွားပြီး စစ်တပ်က တမြို့လုံးအင်အားအ မြောက်အမြားနဲ့ ကင်းပုန်းဝပ်နေထားကြလို့ အနားမကပ်ရဲကြဘူးလို့ ဒေသခံတွေထံကသိရပါတယ ။

"ပြည်သူတစ်ဦး ဒဏ်ရာရပြီးလဲနေတယ်။ ဘယ်သူ ဘယ်ဝါဆိုတာကို မသိရသေးဘူး။ တိုက်ပွဲ ထိခိုက်ကျဆုံးတာတွေလည်း မသိရသေးဘူး " လို့ Banmauk Revolution-BR အဖွဲ့က ဆိုပါတယ်။

မြို့တွင်းလမ်းတွေပေါ်မှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ ကင်းပုန်းဝပ်နေကာ ကား၊ဆိုင်ကယ်တွေကို မြို့ထဲအနှံ့စစ်ဆေးနေတယ်ပြီး ဗန်းမောက်မြို့အနီး ကျွန်းတောင်ပေါ်မှာ တပ်စွဲထားတာကြောင့် မြို့ခံတွေ စိုးရိမ်နေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013