DVB Logo
Home
မြန်မာသတင်း
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်းနှင့် အခြေခံပညာသပိတ်ကော်မတီဝင်ကို အိုးဘိုထောင် တရားရုံးက ထောင် ၃ နှစ် ပြစ်ဒဏ်ချ
DVB
·
August 13, 2022
ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌဟောင်းနှင့် အခြေခံပညာသပိတ်ကော်မတီဝင်ကို အိုးဘိုထောင် တရားရုံးက ထောင် ၃ နှစ် ပြစ်ဒဏ်ချ
Donate to DVB

စစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံထားရတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နဲ့ အခြေခံပညာသပိတ်ကော်မတီ - BEGSC က ဆရာနိုင်းသီဟကျော်တို့ကို အိုးဘိုထောင်တွင်းတရားရုံးက မျက်ကွယ်တရားစီရင်ပြီး ထောင်ဒဏ်  ၃ နှစ် အမိန့်ချခဲ့ပါတယ်။

ဩဂုတ် ၁၀ ရက်က မျက်ကွယ်တရားစီရင်ခဲ့တာဖြစ်ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်‌ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်ဟာ မန္တလေးအိုးဘိုထောင်အတွင်း အစာငတ်ခံဆန္ဒပြပွဲကို ဦးဆောင်ခဲ့တာကြောင့် ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်တာ ခံထားရပါတယ်။

ဒီလို ရိုက်နှက်ခံရတဲ့အတွက် ရှေ့သွားကျိုး၊ ခေါင်းပေါက်၊ ကျောကွဲဒဏ်ရာတွေ ရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရပေမဲ့ ဆေးကုသခွင့် မရဘူးလို့  ဗကသများအဖွဲ့ချုပ်က ထုတ်ပြန် ထား ပါတယ်။

ရန်ကုန်ပညာရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဟောင်း ကိုနောင်ထက်အောင်နဲ့ အခြေခံပညာသပိတ်ကော်မတီ -BEGSC က ဆရာနိုင်းသီဟကျော်တို့ကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်က ဖမ်းဆီးခဲ့ပြီး ၅၀၅ (က) နဲ့ တရားစွဲခဲ့တာပါ။

ဒါ့အပြင် ဗကသများအဖွဲ့ချုပ်ဗဟိုအမှုဆောင်အဖွဲ့ဝင် ဝိဇ္ဇာသိပ္ပံအတွင်းရေးမှူး ကိုသက်တင်အောင် ကို ဇူလိုင် ၂၄ ရက်က တောင်ငူထောင်တွင်းတရားရုံးက ထောင်ဒဏ် ၆ နှစ်၊ ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ-ဗကသများအဖွဲ့ချုပ် သပိတ်ခေါင်းဆောင် ကိုမြတ်သူကို ဩဂုတ် ၄ ရက်က အိုးဘိုထောင်တွင်းတရားရုံးက ထောင်ဒဏ်  ၃  နှစ်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013