DVB Logo
Home
မြန်မာသတင်း
၇ လအတွင်း နိုင်ငံတဝန်း ယာဥ်တိုက်မှု ၃၅၃၃ မှု ဖြစ်ပွား၊ သေဆုံးသူ ၁၇၃၀ ရှိ
DVB
·
August 13, 2022
၇ လအတွင်း နိုင်ငံတဝန်း ယာဥ်တိုက်မှု ၃၅၃၃ မှု ဖြစ်ပွား၊ သေဆုံးသူ ၁၇၃၀ ရှိ
Donate to DVB

ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကနေ ဇူလိုင်လအတွင်း ယာဥ်တိုက်မှု ပေါင်း ၃၅၃၃ မှုဖြစ်ပွားခဲ့ပြီး လူအယောက် ၁၇၃၀ သေဆုံးကာ ၄၈၀၁ ဦး ဒဏ်ရာရခဲ့တယ်လို့ မြန်မာနိုင်ငံ ယာဥ်ထိန်းရဲတပ်ဖွဲ့က သိရပါတယ်။

ယာဥ်တိုက်မှု ၃၅၃၃ မှုအနက် ရန်ကုန်တိုင်းက ယာဥ်တိုက်မှု အများဆုံးဖြစ်ကာ ၅၇၇ မှု၊ ဧရာဝတီတိုင်းက ၄၇၉ မှုနဲ့ ဒုတိယအများဆုံးဖြစ်ပြီး ချင်းနဲ့ ကယားပြည်နယ်မှာတော့ ယာဥ်တိုက်မှုနည်းပါးတယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

"အရင်နှစ်ထက်စာရင် ဒီနှစ်က နည်းတယ်။ အမှုကတော့ ၃၄၀ လောက် လျော့သွားတယ်။ ဒဏ်ရာရတာ သေတာတွေတော့ လျော့သွားတယ်။"

အရင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကနေ သြဂုတ်လအတွင်း နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်းအသီးသီးမှာ ယာဥ်တိုက်မှုပေါင်း ၄၁၅၈ မှု၊ သေဆုံးသူ ၂၀၇၅ ဦးနဲ့ ဒဏ်ရာရရှိသူ ၅၄၆၀ ဦးရှိတယ်လို့ ယာဥ်ထိန်းရဲတပ်ဖွဲ့စာရင်းအရ သိရပါတယ်။

၂၀၂၁ ခုနှစ် ၇ လတာအတွင်း ယာဥ်တိုက်မှုမှာတော့ ရန်ကုန်တိုင်းမှာ ၅၅၇ မှုဖြစ်ခဲ့ပြီး ပဲခူးတိုင်းက  ၅၃၂ မှုနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013