DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင်၏ ရန်ကုန် ၆ မိုင်ခွဲ Inya View နေရာရောင်းချမှု တပတ်အတွင်း ဒေါ်လာ ၈ သိန်းကျော်ရ
DVB
·
August 12, 2022
စစ်ခေါင်းဆောင်၏ ရန်ကုန် ၆ မိုင်ခွဲ Inya View နေရာရောင်းချမှု တပတ်အတွင်း ဒေါ်လာ ၈ သိန်းကျော်ရ
Donate to DVB

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြည်သူထံမှ ခိုးယူထားတဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ်ရောင်းချနိုင်ခဲ့အပြီးမှာ NUG အစိုးရက ၆ မိုင်ခွဲမှ Inya View နေရာကို ဒုတိယ ပရောဂျက်အနေနဲ့ ဩဂုတ် ၅ ရက်က စတင်ရောင်းချနေရာမှာ သီတင်းတပတ်အတွင်း အစုရှယ်ယာ အမေရိကန်ဒေါ်လာ ၈ သိန်းဖိုး ရောင်းချခဲ့ရပြီးဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ရဲ့ ဒုတိယ အစီအစဉ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ ၆ မိုင်ခွဲမှာ တည်ရှိတဲ့ နိုင်ငံတော်ပိုင်မြေဟာ ၁ ဒသမ ၈ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိတယ်လို့ ဆိုပါတယ်။

အခုရောင်းချမှုမှာတော့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၇ သန်းသာ တန်ဖိုးဖြတ်ပြီး အစုရှယ်ယာ ၇၀,၀၀၀ ကို ရောင်းချသွားမှာဖြစ်ကာ ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ် ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီကနေ့မှာ ရှယ်ရာပေါင်း ၅၀၀" (ဒေါ်လာ ၅ သောင်းဖိုး) ကို တစ်ယောက်တည်းက ဝယ်ယူ အားဖြည့်ခဲ့သလို ပြီးခဲ့တဲ့ ဩဂုတ် ၈ ရက်မှာလည်း ရှစ်လေးလုံးအရေးတော်ပုံအထိမ်းအမှတ်အနေနဲ့ ၈၈ တုန်းက အမြစ်မပြတ်ခဲ့လို့ ၂၀၂၁ မှာ တခါ ခေါင်းထောင်လာတဲ့ အာဏာရှင်စနစ်ကို၊ သူတို့ခေတ်မှာ အမြစ်ဖြတ်မယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ စင်ကာပူနိုင်ငံကနေ 8888 အမည်နဲ့ ရှယ်ယာ ၈၈ စောင် ဝယ်ယူသူတဦးလည်း ပေါ်ထွက်လာခဲ့တယ်လို့ EOD က ဆိုပါတယ်။

“ဒီနှုန်းနဲ့သာဆို ၁-၂ ရက်အတွင်း ပထမဆုံး  ၁ သန်းပြည့်တော့မယ်လို့ ပြောလို့ရပါတယ်။ ဒီလိုအချိန်ထိ တောင့်ခံနိုင်တဲ့စွမ်းအား၊ နိုင်ရမယ်လို့ တထစ်ချယုံကြည်ထားတဲ့ ပြည်သူတစ်ဦးချင်းစီရဲ့ အင်အားကြောင့် ရှေ့က Project ပေါင်းများစွာကို အောင်မြင်ခဲ့ကြသလို ခြင်းကြားရှင်းမယ့် အင်းလျားအစီအစဉ် (၂) လည်း အောင်မြင်မယ်လို့ ယုံကြည်တယ်။ ခုချိန်မှာ တစ်နိုင်ငံလုံး မီးပတ်ရှို့နေတဲ့ စစ်မိစ္ဆာတွေကို အမြန်ဆုံး နှိမ်နင်း ဖို့ အရေးတကြီး လိုနေတာ ဘဏ္ဍာရေးပါပဲ။ ညီညီညွတ်ညွတ် အားထည့်မယ်၊ ဘယ်သူဘာပြောပြော လုပ်စရာရှိတာ တစိုက်မတ်မတ်လုပ်သွားရင် အောင်ပွဲက မြင်နေရပါပြီ။ လျှောက်လာခဲ့တဲ့ ခရီးဟာ အဝေးကြီး၊ ဒီအထိ ရောက်လာခဲ့တာ အင်မတန် အားရှိစရာကောင်းတယ်။ အားလုံးပျော်ကြရမယ့် အချိန်က နီးနေပြီ။ ပြည်သူတွေအကုန်လုံး အတူသာတွန်းလိုက်၊ ဘာမှမကြာခင် အားလုံး စိတ်လွတ်လက်လွတ် ပြုံးရယ်နိုင်ကြ တော့မှာပါ။”

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်တာဖြစ်ပြီး EOD ရဲ့ ပထမ အစီအစဉ် “၁၄ အင်းလျား” ကို ရောင်းချပေးခဲ့တဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးက ကိုယ်စားလှယ်တွေဆီ ချိတ်ဆက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင် ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013