DVB Logo
Home
မြန်မာသတင်း
သထုံတွင် အရပ်သားကားဖြင့်သယ်လာသည့် စစ်ကောင်စီ လက်နက်ခဲယမ်းအချို့ KNLA ပူးပေါင်း အဖွဲ့ သိမ်းယူ
DVB
·
August 10, 2022
သထုံတွင် အရပ်သားကားဖြင့်သယ်လာသည့် စစ်ကောင်စီ လက်နက်ခဲယမ်းအချို့ KNLA ပူးပေါင်း အဖွဲ့ သိမ်းယူ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာ အရပ်သားကားနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင် ပစ္စည်းတချို့ကို KNLA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တယ်လို့ သထုံခရိုင်အမှတ် (၂) တပ်ရင်း၊တပ်ခွဲ (၁) က ထုတ်ပြန်ပါတယ်။

သြဂုတ် ၉ ရက်နေ့ မနက် ၉ နာရီလောက်က သထုံမြို့နယ်၊ ထုံးဘိုကြီးကျေးရွာအနီးမှာ အရပ်သား ကားနဲ့ သယ်ဆောင်လာတဲ့ စစ်ကောင်စီ လက်နက်ခဲယမ်းနဲ့ အသုံးအဆောင်ပစ္စည်းတချို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ PDF ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တာ ဖြစ်ပါတယ်။

KNLA ပူးပေါင်းအဖွဲ့က သိမ်းယူလိုက်တဲ့ ပစ္စည်းတွေမှာ 5.56mm ကျည် ၂၅၀ တောင့်၊ 7.62mm ကျည် ၄၉ တောင့်၊ Combat Iron Helmet ၉ လုံး၊ ကျည်ကာအင်္ကျီ ၇ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားတခုအပါအဝင် နာရီနှစ်လုံးနဲ့ စားနပ်ရိက္ခာတချို့ ပါဝင်ပါတယ်။

စစ်ကောင်စီ လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ ကားသမားကိုတော့  နောက်တကြိမ် စစ်ကောင်စီတပ်ပစ္စည်း မသယ်ဆောင်ဖို့ သတိပေးပြီးနောက် ပြန်လွှတ်ပေးလိုက်တယ်လို့ KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဒီလက်နက်ခဲယမ်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေဟာ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာက စစ်ကောင်စီ ခမရ(၉) ရှေ့တန်း တပ်ဖွဲ့ထံ ပို့ဆောင်မယ့် ပစ္စည်းတွေ ဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်မှာတော့ ပြီးခဲ့တဲ့ ဇွန် ၂၅ ရက်နေ့တုန်းက စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်ပြီးနောက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013