DVB Logo
Home
မြန်မာသတင်း
စည်းလုံးညီညွတ်ကြရန်နှင့် တော်လှန်ရေးသတိရှိရန် KNPP တိုက်တွန်း
DVB
·
August 9, 2022
စည်းလုံးညီညွတ်ကြရန်နှင့် တော်လှန်ရေးသတိရှိရန်  KNPP တိုက်တွန်း
Donate to DVB

ခုခံတော်လှန်ရေးအောင်မြင်ဖို့ ကရင်နီအမျိုသားထုတရပ်လုံးရဲ့ ဘုံအကျိုးစီးပွားကို ဦီးထိပ်ထားဖို့လိုအပ်ပြီး စည်းရုံးညီညွတ်ဖို့လည်း လိုအပ်နေသလို လက်ရှိအခြေအနေမှာ လူမှုရေး၊ နိုင်ငံရေးနဲ့ စစ်ရေးအရ သွေးခွဲနေတဲ့ အချိန်ဖြစ်တဲ့အတွက်  တော်လှန်ရေးသတိ အမြဲရှိနေဖို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဩဂုတ် ၉ ရက်မှာ ကျရောက်တဲ့ ၇၄ နှစ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ပေးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ပါတီဗဟိုဌာနချုပ်ရဲ့ သဝဏ်လွှာမှာ အခုလို တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ယောက် သို့မဟုတ် ဒေသတစ်ခုအတွက်ကိုသာ ကြည့်ခြင်းမဟုတ်ပဲ ရေရှည်တည်တန့်မည့် ကရင်နီအမျိုးသားတို့ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ နိုင်ငံရေးအခွင့်အရေး၊ သာယာဝပြောရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ရည်မျှော်ပြီး အားလုံးအတူတူတိုက်ပွဲဝင်သွားဖို့ လိုအပ်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။ 

လက်ရှိ ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေးအကျပ်အတည်းဟာ  အထွဋ်အထိပ်သို့ရောက်ရှိနေ တဲ့ကာလဖြစ်သလို နိုင်ငံတွင်းမကြုံစဖူးသော တော်လှန်ရေးစိတ်ဓာတ်အသစ်နဲ့ ပူးပေါင်းဆောင်ရွက်မှု အသစ်တွေကိုလည်း  နိုင်ငံတဝန်းရှိ တိုင်းရင်းသားလူမျိုးတွေကြားမှာ မြင်တွေ့နေရကြောင်း  ဖော်ပြထားပါတယ်။

ဒီအခွင့်အရေးကို ထိထိမိမိဆုပ်ကိုင်ပြီး ဒီထက်မက ထိရောက်တဲ့ တော်လှန်ရေးလက်နက်တခုအဖြစ် အသုံးပြုသွားဖို့ တော်လှန်ရေးကို ဦးဆောင်နေတဲ့အဖွဲ့အစည်းနဲ့ ခေါင်းဆောင်တွေမှာ တာဝန်ရှိကြောင်းလည်း ထောက်ပြထားပါတယ်။ 

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်စဉ် ဦးဆောင်အဖွဲ့ရဲ့ ဦးဆောင်မှုကော်မတီ (PPST) ကလည်း  ၇၄ နှစ်မြောက်ကရင်နီအမျိုးသား ခုခံတော်လှန်ရေးနေ့အထိမ်းအမှတ်အနေ ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပေးထားပါတယ်။

ကရင်နီအမျိုးသားတို့ဟာ ကိုပိုင်ပြဋ္ဌာန်းခွင့်နဲ့ အမျိုးသားတန်းတူရေးအတွက် စွမ်းစွမ်တမံ ကြိုးပမ်း ဆောင်ရွက်လာတာကို သမိုင်းဖြစ်ရပ်တို့က သက်သေခံနေပြီး မျက်မှောက်ကာလမှာလည်း ကရင်နီအမျိုးသားတွေအနေနဲ့ အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒဖျက်သိမ်းရေး၊ စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းစေရေးအတွက် တတတ်တအား ကြိုးပမ်းဆောင်ရွက်သွယ်မယ်လို့ ယုံကြည်ကြောင်း PPST က သဝဏ်လွှာပေးပို့ထားပါတယ်။ 

ကရင်နီသမိုင်းမှတ်တမ်းတွေအရ ၁၉၄၈ သြဂုတ် ၉ ရက် မနက် ၄ နာရီမှာ ဖဆပလ အစိုးရတပ်တွေက သီးခြားလွတ်လပ်သော ကရင်နီပြည်ထောင်စုကောင်စီရုံးစိုက်ရာ မြလဲကျေးရွာကို ဝင်ရောက်တိုက်ခိုက်လို့ ကရင်နီအမျိုးသားတွေရဲ့ ခုခံတော်လှန်ရေးနေ့ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013