DVB Logo
Home
မြန်မာသတင်း
သြဂုတ် ပထမပတ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးဟု KNDF ပြော
DVB
·
August 8, 2022
သြဂုတ် ပထမပတ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးဟု KNDF ပြော
Donate to DVB

သြဂုတ်လပထမပတ်ထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အနည်းဆုံး ၉ ယောက်သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က သတင်းထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ ဇူလိုင်လကုန်ပိုင်းကစပြီး ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်ဘက်ကို အင်အားအလုံးအရင်းနဲ့စစ်ကြောင်း ၂ ကြောင်းသုံး ထိုးစစ်ဆင်နေပြီး ဒီးမော့ဆို၊ ဖရူဆိုမြို့နားက ရွာတွေကို လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

သြဂုတ် ၁ ရက်နေ့ မနက်ပိုင်းမှာ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲရွာထဲမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ နယ်မြေလုံခြုံရေးယူနေတဲ့ ကရင်နီတပ်မတော် (KA)၊ KNDF တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ 

ဖယ်ခုံမြို့နယ် ခေါင်းအိကျေးရွာအုပ်စု၊ ပင်ပုံနဲ့ လွယ်ဝှဲကျေးရွာနားက တောင်ပေါ်မှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်တွေကို KNDF B03၊ B11, SSRY နဲ့ ကရင်နီတပ်မတော် (KA)တို့က ချုံခိုတိုက်ခိုက်ခဲ့လို့စစ်ကောင်စီတပ်သား ၂ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၂ ရက်နေ့ မနက် အစောပိုင်းမှာလည်း ဒီးမော့ဆိုမြို့ ငွေတောင် အခြေစိုက် ခမရ ၄၂၇ တပ်စခန်းကနေ စံပြ ၆ မိုင်ဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNDF B09 တို့ ထိတွေ့တိုက်ပွဲ တနေကုန်နီးပါးဖြစ်ခဲ့ပြီး ဘောလခဲမြို့နယ် မက်စလောင်းတောင်ပေါ်က စစ်ကောင်စီတပ်စခန်းကို ကရင်နီတပ်မတော် (KA) နဲ့ KNDF B16 တို့က ပြောက်ကျားတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် သြဂုတ် ၂ ရက်နေ့ မနက်အစောပိုင်းက လွိုင်ကာ်မြို့အခြေစိုက် ခမရ ၂၆၁ တပ်စခန်းရဲ့ ကင်းပုန်းစခန်းနဲ့ လွိုင်ကော်မြို့နယ် ၃ မိုင် လွယ်တမူကျေးရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သား ၄ ယောက်ကို KNDF B12 က တိုက်ခိုက်ခဲ့လို့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်က ထိခိုက်တာတွေ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

သြဂုတ် ၅ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် စံပြ ၆ မိုင်နဲ့ ဘက်တလိန်ကျေးရွာတို့မှာ စစ်ကြောင်း ၂ ကြောင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို KNDF B09 နဲ့ DMO PDF တို့က ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံး၊ ၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၆ ရက်နဲ့ ၇ ရက်နေ့တို့မှာ စံပြ ၆ မိုင် နဲ့ ဘက်တလိန်ကျေးရွာတို့မှာ စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်တွေကို ကရင်နီတပ်မတော် (KA)၊ KNDF B09 နဲ့ DMO PDF တို့က အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က အများအပြား ထိခိုက်သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဟာ သေဆုံးသွားတဲ့ သူတို့တပ်ဖွဲ့ဝင်တွေကို ဘက်တလိန်ကျေးရွာက အိမ်တလုံးထဲထည့်ပြီး မီးရှို့ခဲ့တယ်လို့ ဆိုပါတယ်။

သြဂုတ် ၆ ရက်နေ့မှာပဲ ဒီးမော့ဆိုမြို့မရဲစခန်းကို KNDF B10 က အလစ်အငိုက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၁ ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013