DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးရန်ပုံငွေဘောလုံးပွဲ ဂျပန်တွင် ကျင်းပ
DVB
·
August 8, 2022
နွေဦးတော်လှန်ရေးရန်ပုံငွေဘောလုံးပွဲ ဂျပန်တွင် ကျင်းပ
1 / 7
Donate to DVB

"စစ်ရှောင်အညာ အားဖြစ်စေသား ခြေစွမ်းပြမည့် ရန်ပုံငွေဖလား" အမည်နဲ့ဘောလုံးပြိုင်ပွဲကို ဩဂုတ် ၇ ရက်နေ့က ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့အနီး အအိုဘ စကိုင်းဖိလ်းကွင်းမှာ R T M (revolution tokyo myanmar) နဲ့ Five Star Football Club ဘောလုံးအသင်း တို့ ပူးပေါင်း ပြီး ကျင်းပခဲ့ပါတယ်။

တိုကျိုမြို့တော် သာမကာ နဂိုယာမြို့အပါအဝင် အခြားစီရင်စုတွေက အမျိုးသားအသင်း ၄၈ သင်း၊ အမျိုးသမီးအသင်း - ၄ သင်း စုစု​ပေါင်း ၅၂ သင်း ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။

ပထမဆုကို Five Star (B) နဲ့ ဒုတိယဆုကို Five Star (A) တို့က ဆွတ်ခူးခဲ့ပြီး အကောင်းဆုံးဂိုးသမားအကောင်းဆုံးဆုကို ပြည့်လျှံအောင် M.F.C (A) နဲ့ အကောင်းဆုံးကစားသမားဆုကို  Leo - Five Star (B)က ရရှိခဲ့ပါတယ်။

အမျိုးသမီးပွဲစဉ်မှာပထမဆု MNSO နဲ့ ဒုတိယဆုကို VIP အသင်းကဆွတ်ခူးခဲ့ပြီး အကောင်းဆုံးဂိုးသမားဆုကို A Kyi (VIP)နဲ့  အကောင်းဆုံးကစားသမားဆုကို TharThar(MNSO) က ရရှိခဲ့ပါတယ်။

ဂျပန်မှာ အလုပ်တဖက်နဲ့ ဘောလုံးကစားရင်း တဖက်တလမ်းက အခုလို နွေဦးတော်လှန်ရေးအတွက် ကူညီခွင့်ရလို့  ဝမ်းသာမိတယ်လို့ M.F.C တိုကျို အသင်းတည်ထောင်ခဲ့သူနဲ့ အသင်းအုပ်ချုပ်သူ ဦးဟန်စိန်က ဒီဗွီဘီကိုပြောပြခဲ့ပါတယ်။

နောက် အခုပြိုင်ပွဲမှာ စီဒီအမ်ဝင် ပြည်လျှံအောင်တို့လို ကစားများနဲ့ မြန်မာနိုင်ငံက ကလပ်သင်းဝင်ကစားသမားတွေ ပါဝင်လာကြလို့ နောက်ပိုင်း ဂျပန်ဘောလုံးလောကကို ဝင်ရောက်ထိုးဖောက်နိုင်မယ့် အလားအလာတွေ ရှိတယ်လို့ ဂျပန်မှာ ဦးဟန်စိန်က ဆက်လက်ရှင်းပြခဲ့ပါတယ်။

အခုရန်ပုံငွေပြိုင်ပွဲမှ ရရှိတဲ့ အကျိုးအမြတ်အားလုံးကို အညာဒေသ စစ်ရှောင်တွေ အတွက် ပေးပို့သွားမယ်လို့ ပွဲစီစဉ်သူတဦးဖြစ်တဲ့ မသိရီသစ္စာက ပြောပါတယ်။

အညာဒေသအတွက် ရန်ပုံငွေပြိုင်ပွဲမှာ ဂျပန်ရောက် မြန်မာနိုင်ငံသားကစားသမား ၅၅၀ ကျော် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အခုအချိန်အထိ ဂျပန်နိုင်ငံမှာ အသင်းစုစုပေါင်းနဲ့ ကစားသမားဦးရေ အများဆုံးမြန်မာ့ဘောလုံးပြိင်ပွဲတခုလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013