DVB Logo
Home
မြန်မာသတင်း
ပလက်ဝကို စစ်ကောင်စီက ရေကြောင်းပိတ်ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
DVB
·
August 7, 2022
ပလက်ဝကို စစ်ကောင်စီက ရေကြောင်းပိတ်ထားသဖြင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော် (အေအေ) တို့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျောက်တော်-ပလက်ဝ ရေကြောင်းလမ်းကို ဩဂုတ်လ ၁ ရက်နေ့ကတည်း ပိတ်ထားတာကြောင့် ကုန်စည်စီးဆင်မှုရပ်တန့်နေပြီး ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေတယ်လို့ ပလက်ဝမြို့ခံတွေက ပြောပါတယ်။

ကျောက်တော်- ပလက်ဝ ရေကြောင်းပိတ်ထားတာကြောင့် ကုန်စည်ပို့ဆောင်နေကြတဲ့ စက်လှေတွေ သွားခွင့်မရကြသလို တပတ်တကြိမ်ပြေးဆွဲနေတဲ့ စစ်ကောင်စီပိုင် ဇက်ရေယာဉ်လည်း ပြေးဆွဲခြင်းမရှိတာကြောင့် စက်သုံးဆီပြတ်တောက်ကာ တခြား ကုန်ပစ္စည်းဈေးနှုန်းတွေလည်း ၃ ဆ နီးပါးအထိမြင့်တက်သွားတယ်လို့ ပလက်ဝမြို့ခံ တဦးက ပြောပါတယ်။

“ပလက်ဝက ကျောက်တော်မြို့ကိုပဲ အဓိက မှီခိုပြီး ကုန်စည်တွေ တင်သွင်းနေရတာဆိုတော့ အခုလို လမ်းကြောင်းတွေ ပိတ်လိုက်တာကြောင့် တော်တော်လေးကို အခက်အခဲတွေဖြစ်နေကြတယ်။ စက်သုံးဆီတွေဆိုရင် လုံးဝကို ဝယ်လို့ မရတော့ဘူး။ တခြား စားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေကလည်း ၂ ဆ ကျော် ၃ဆ နီးပါးအထိ မြင့်တက်သွားပြီ။”

ပလက်ဝမြို့နယ်မှာ ဩဂုတ်လဆန်းကတည်းက စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ ၂၈၉ တပ်ရင်းကလည်း တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာတွေကို လက်နက်ကြီး ပစ်ခတ်ပြီး အင်အားတိုးချဲ့နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ကျောက်တော်- ပလက်ဝ ရေကြောင်းလမ်းတွေကို ပိတ်လိုက်တော့ ပလက်ဝ ဒေသခံတွေအတွက် ကျန်မာရေး၊ လူမှုရေးနဲ့ စားဝတ်နေရေးက အစတော်တော်လည်းကို အခက်အခဲတွေဖြစ်သွားပြီး။ ပလက်ဝက ဝန်ထမ်းတွေပဲ အဓိက နေထိုင်ကြတဲ့မြို့ဆိုတော့ ဝင်ငွေထက် ကုန်ဈေးနှုန်းက ကြီးနေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး။ ဒီက ထုတ်တဲ့ သီးနှံတွေကိုလည်း ပို့ဆောင်လို့ မရတာကြောင့် တောင်သူတွေမှာလည်း တော်တော်လည်းကို အခက်အခဲတွေဖြစ်နေကြတယ်” လို့ ပလက်ဝမြို့ခံ နောက်တဦးက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ ဩဂုတ် ၂ ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် ကျောင်းသား ၂ ဦး သေဆုံးကာ ကျောင်းသားအပါအဝင် ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာလည်း ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီနဲ့ ရက္ခိုင်တပ်တော်(အေအေ) စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013