DVB Logo
Home
မြန်မာသတင်း
ဂျပန်သတင်းထောက် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆို
DVB
·
August 6, 2022
ဂျပန်သတင်းထောက် လွတ်မြောက်ရေး လက်မှတ်ထိုး တောင်းဆို
1 / 3
Donate to DVB

ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ Mr.Toru Kubota ကို အမြန်ပြန်လွှတ်ပေးဖို့  ဂျပန်ပြည်သူတွေပါအဝင် နိုင်ငံတကာမိတ်ဆွေတွေ လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

အခုလို လက်မှတ် ရေးထိုးထားတောင်းဆိုထားတဲ့ လက်မှတ်ပေါင်း ၅ သောင်းနီးပါးကို ဩဂုတ် ၅ ရက်က ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးအပ်ရာမှာ ဂျပန်နိုင်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စ တခကို စုဇူကီးက လွှဲပြောင်းလက်ခံခဲ့ယူခဲ့ပါတယ်။

မစ္စတာ Kubota ဟာ အခုအခါ အင်းစိန်ထောင်ကို ရွှေ့ပြောင်းထားပြီး ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြဿနာ မရှိကြောင်းနဲ့ သူနဲ့ တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း နိုင်ငံခြားရေးဒုဝန်ကြီးက ရှင်းပြခဲ့တယ်လို့ မစ္စတာ Kubota လွတ်မြောက်ရေးအင်တာနက်မှ လက်မှတ်စုဆောင်းမှုအဖွဲ့ အဖွဲ့ဝင်တဦးဖြစ်တဲ့ Mr.yuki kitazumi က ပြောပါတယ်။

Mr. Kitazumi Yuki ဟာ ၂၀၂၁ ခုနှစ် ဧပြီတုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခံရကာ မှားယွင်းတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေမှုအပါအဝင် စွဲချက်တွေနဲ့ အမှုအတင်ခံခဲ့ရပြီး သူ့ကို လွှတ်ပေးဖို့ ဂျပန်အစိုးရက တောင်းဆိုပြီး တလအကြာမှာ ပြန်လွတ်လာခဲ့ပါတယ်။

အခု ဂျပန်နိုင်ငံသား Toru Kubota ကို တောင်ဒဂုံရဲစခန်းက လဝကဥပဒေ ၁၃( ၁)၊ပုဒ်မ ၅၀၅(က)၊ ဗီဇာဖောက်ဖျက်မှု သုံးခုနဲ့အမှုဖွင့် ဖမ်းဆီးထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013