DVB Logo
Home
မြန်မာသတင်း
စစ်တပ် ရွေးကောက်ပွဲကို ဂျပန်အစိုးရအနေဖြင့် လုံးဝအသိအမှတ်မပြုရန် တိုကျိုတွင် တောင်းဆို
DVB
·
August 22, 2025
စစ်တပ် ရွေးကောက်ပွဲကို ဂျပန်အစိုးရအနေဖြင့် လုံးဝအသိအမှတ်မပြုရန် တိုကျိုတွင် တောင်းဆို
Donate to DVB

အာဏာသိမ်းစစ်ကောင်စီက တဖက်သတ်ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဂျပန်အစိုးရအနေနဲ့ လုံးဝ အသိအမှတ်မပြုဖို့ အချက် ၆ ချက်ပါ တောင်းဆိုစာကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံး တာဝန်ခံထံ ဩဂုတ် ၂၂ ရက် ဒီနေ့ ပေးအပ်တောင်းဆိုခဲ့ကြပါတယ်။

ဂျပန်နိုင်ငံရောက် တိုင်းရင်းသား မြန်မာနိုင်ငံသားများအဖွဲ့တွေကိုယ်စား မြန်မာ့အရေးလှုပ်ရှားသူ ဦးမြင့်ဆွေ၊ ကိုမျိုးမင်းဆွေနဲ့ မဆွေဆက်အေးတို့က သွားရောက်ခဲ့ကြတာဖြစ်ပြီး တိုကျိုမြို့တော် ချီယိုဒမြို့ရှိ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရုံးမှာ သွားရောက်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

စာပေးပို့တောင်းဆိုခဲ့သူအဖွဲ့ဝင် ဦးမြင့်ဆွေကတော့ ဂျပန်နိုင်ငံအနေနဲ့ စကစ ရဲ့ ရွေးကောက်ပွဲ လက်မခံသင့်တဲ့ အကြောင်းရင်း ၆ ချက်ကို ရေးသားထားပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ် ၁ ရက်က သတင်းရှင်းပွဲမှာ ပြောထားတာတွေနဲ့လည်း အကျုံးဝင်နေတဲ့ အချက်တွေလည်း ပါတယ်လို့ DVB ကို ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ IWAYA Takeshi က မြန်မာနိုင်ငံမှာ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုတွေ အပါအဝင် နိုင်ငံရေး တိုးတက်မှုမရှိဘဲ ရွေးကောက်ပွဲကျင်းပပါက ပြင်းထန်သော ပြည်သူ့ဆန့်ကျင်မှု ဖြစ်ပေါ်လာမှာနဲ့ နိုင်ငံရေးပြဿနာအား ငြိမ်းချမ်းစွာ ဖြေရှင်းရေး ပိုခက်ခဲသွားလိမ့်မယ်လို့ ဩဂုတ် ၁ ရက် သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို သတိပေးပြောကြားထားပါတယ်။

အထွေထွေရွေးကောက်ပွဲတွေဟာ ဒီမိုကရေစနိုင်ငံရေးစနစ် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အဖြစ် ယုံကြည်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူအများအပြားကို ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ အခြားအကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် အခြေအနေမှာ တိုးတက်မှု မရှိသေးဘူးလို့လည်း ဝန်ကြီးမစ္စတာ IWAYA Takeshi က အဆိုပါသတင်းစာရှင်းပွဲမှာ ဆက်လက်ပြောဆိုခဲ့တာဖြစ်ပါတယ်။

သွားရောက်တွေ့ဆုံပေးပို့ခဲ့သူ အဖွဲ့ဝင်နောက်တဦးဖြစ်တဲ့ ကိုမျိုးမင်းဆွေကတော့ စကစ ရဲ့ ရွေးကောက်ပွဲအပေါ် ဒီနေ့ မြန်မာပြည်သူတွေရဲ့သဘောထားကို သွားရောက်တွေ့ဆုံပေးခဲ့တဲ့အပေါ် အထိုက်အလျောက် အားရမူတော့ ရှိခဲ့ရပါတယ်၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှတာဝန်ခံက လက်ခံရယူခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013