DVB Logo
Home
မြန်မာသတင်း
နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုအနက် ၁၀ ခုတွင် ကုန်သွယ်မှု ဆက်လက်ကျဆင်းနေ
DVB
·
August 5, 2022
နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုအနက် ၁၀ ခုတွင် ကုန်သွယ်မှု ဆက်လက်ကျဆင်းနေ
Donate to DVB

စစ်ကောင်စီ လက်အောက်ခံ စီးပွားရေး နဲ့ ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ တရားဝင်စာရင်းတွေအရ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုရှိတဲ့အထဲက ၁၀ ခုမှာ ကုန်သွယ်မှု ဆက်လက်ကျဆင်းနေပါတယ်။ 

အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးစခန်းတခုဖြစ်တဲ့ မူဆယ်စခန်းမှာဆိုရင် အရင်နှစ် ကာလတူ ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၂၀၇ ဒသမ ၈၂၅ သန်း လျော့ကျနေပါတယ်။ 

ချင်းရွှေဟော်စခန်းမှာ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၅၂၄ သန်း၊ ထိုင်း−မြန်မာနယ်စပ်  မြဝတီ ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာ  ၃၁ ဒသမ ၄၅၁ သန်း၊ မြန်မာ−ဘင်္ဂလားဒေ့ရှ် နယ်စပ် စစ်တွေ ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာ ၁၄ ၆ ဒသမ ၀၄၈ သန်း၊ မြန်မာ−အိန္ဒိယနယ်စပ် ရိဒ်ကုန်သွယ်ရေးစခန်းမှာ ကန်ဒေါ်လာ ၃၃ ဒသမ ၈၈၈ သန်း ကာလတူကုန်သွယ်မှုထက် အသီးသီးလျော့ကျနေပြီး၊ နယ်စပ်ကုန်သွယ်ရေးစခန်း နောက်ထပ် ၅ ခုမှာလည်း ကုန်သွယ်မှု ဆက်လက်ကျဆင်းနေတာပါ။

မြန်မာ−ထိုင်းနယ်စပ် ထီးခီကုန်သွယ်ရေးစခန်းမှာတော့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် တက်လာပြီး တာချီလိတ်စခန်းမှာ အမေရိကန်ဒေါလာ ၁၈ သန်းကျော် အရင်နှစ်ကာလတူထက် တိုးတက်လာပါတယ်။

ကန်ပိုင်တီစခန်း၊ မောင်တောနဲ့ တမူးနယ်စပ်စခန်းတွေမှာလည်း အနည်းငယ် တိုးတက်မှု ရှိခဲ့ပါတယ်။ 

မြန်မာ့ နယ်စပ်ကုန်သွယ်ရေးမှာ အရင်က တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးက ပမာဏအများဆုံးအနေနဲ့ ရပ်တည်ခဲ့ရာကနေ ၂၀၂၁–၂၀၂၂ မီနီဘတ်ဂျက်ကနေစတင်ပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက တဟုန်ထိုး မြင့်တက်ခဲ့ပါတယ်။ မြန်မာ−ထိုင်း နယ်စပ်ကုန်သွယ်ရေးရဲ့ ၇၀ ရာခိုင်နှုန်းဝန်းကျင်ထိ ရှိလာပါတယ်။ 

အခု၂၀၂၁−၂၀၂၂ ဘဏ္ဍာနှစ်ဧပြီ ၁ ရက်ကနေ ဇူလိုင် ၂၉ ရက်နေ့အထိ ပထမ လေးလအတွင်း  မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်−မြန်မာ ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၇၅၂ ဒသမ ၇၉၉ သန်းရှိပြိး မြန်မာ−ထိုင်း ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၁၆၅၁ ဒသမ ၅၃၁ သန်းအထိ ရှိပါတယ်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ကုန်သွယ်မှုက ကန်ဒေါ်လာ ၁၁ ဒသမ ၃၁၆ သန်း၊ မြန်မာ−အိန္ဒိယ ကုန်သွယ်မှုက ၆ ဒသမ ၅၉၁ သန်း ရှိပါတယ်။

မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုက အရင်နှစ်ကာလတူ ကုန်သွယ်မှုနဲ့ နှိုင်းယှဥ်ရင် ဘဏ္ဍာနှစ် ပထမလေးလအတွင်း အမေရိကန်ဒေါ်လာ ၁၄၁ ဒသမ ၅၆၇ သန်း လျော့ကျခဲ့ပါတယ်။ ပို့ကုန်ကို သန်း ၂၀၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်တင်သွင်းမှုမှာ ကန်ဒေါ်လာ ၃၃၆ သန်းကျော် လျော့ကျလာတာပါ။

စစ်ကောင်စီ လတ်တလောထုတ်ပြန်နေတဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲတွေ၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ ဒေါ်လာငွေလဲနှုန်း ကိန်းသေထားရှိမှုနဲ့ ပို့ကုန်ရငွေတွေကို  ငွေလဲနှုန်း ပုံသေသတ်မှတ်နှုန်းထားနဲ့တွက်ပြီး  မဖြစ်မနေ မြန်မာကျပ်ငွေ ပြောင်းလဲရမယ်ဆိုတဲ့  သတ်မှတ်ချက်တွေက ပြည်ပသွင်းကုန် သွင်းအားစုတွေကို နှောင့်နှေးပြတ်တောက်သွားစေပြီး ပို့ကုန်သမားတွေကိုလည်း အခက်တွေ့စေတယ်လို့ ကမ္ဘာ့ဘဏ်က မကြာသေးခင်က ထောက်ပြထားပါတယ်။

လက်ရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးမှာလည်း စစ်ကောင်စီ ဗဟိုဘဏ်ရဲ့ ဒေါ်လာ ကန့်သတ်ချက်ကြောင့်  ကုန်သွယ်ရာ၌ အရှုံးပေါ်စေပြီး ရပ်လုနီးပါး ဖြစ်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

လတ်တလော မြန်မာ−တရုတ် နယ်စပ်ကုန်သွယ်မှုမှာတော့ ပို့ကုန်ရော၊ သွင်းကုန်ပါ အရင်နှစ် ကာလတူထက် လျော့ကျနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013