
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ မာနူကိုနေးရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုတွေ စတင်လုပ်ခဲ့ပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်ပိုင်းကို ပိုမိုအားကောင်းစေဖို့ ကစားသမားသစ်တွေ ရှာဖွေနေတာပါ။ အန်ဒရေဆန်းတို့စ်နဲ့ ယူရီတီလီမန်းတို့နောက်ပိုင်း တတိယမြောက် ကွင်းလယ်လူကို ခေါ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် မာနူကိုနေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၅ ပွဲအထိ ပါဝင်ကစားခဲ့ဖူးပါတယ်။ သူဟာ အင်္ဂလန်ကလပ်အသင်းတွေဆီ ပြောင်းရွှေ့ကစားဖို့ စိတ်အားထက်သန်နေတာပါ။
မန်ယူအသင်းကလည်း ဒီလထဲမှာ ကွင်းလယ်ပိုင်းအတွက် ပစ်မှတ်အများအပြားကို အကဲဖြတ်နေပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို ပိုမိုအားဖြည့်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ်။
Photo:Reuters











