DVB Logo
Home
မြန်မာသတင်း
စစ်ခေါင်းဆောင် မတရားသိမ်းထားသည့် ရန်ကုန် ၆ မိုင်ခွဲမှ Inya View နေရာကို NUG ထပ်မံ ရောင်းချမည်
DVB
·
August 4, 2022
စစ်ခေါင်းဆောင် မတရားသိမ်းထားသည့် ရန်ကုန် ၆ မိုင်ခွဲမှ Inya View နေရာကို NUG ထပ်မံ ရောင်းချမည်
Donate to DVB

အာဏာသိမ်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ်ရောင်းချနိုင်ခဲ့အပြီးမှာ NUG အစိုးရက ၆ မိုင်ခွဲမှ Inya View နေရာကို ဒုတိယ ပရောဂျက်အနေနဲ့ ရောင်းချသွားမယ်လို့ ထုတ်ပြန်ပါတယ်။

အပြီးသတ်ရှယ်ယာရောင်းချနိုင်ခဲ့တဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားတဲ့ ရန်ကုန်မြို့၊ အင်းယားလမ်းက နိုင်ငံတော်ပိုင်မြေကို ရောင်းချမှုဟာ အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) အစီအစဉ်ရဲ့ ကနဦးခြေလှမ်း ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ထားခဲ့တာပါ။

အဆိုပါမြေဟာ ၁ ဒသမ ၈၆ ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်ရှိပေမဲ့ ကာလတန်ကြေးရဲ့ ၃ ပုံ ၁ ပုံ၊ အမေရိကန်ဒေါ်လာ ၁၀ သန်း တန်ဖိုးဖြတ်ပြီး NUG က ရှယ်ယာတစုကို အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ်ပြီး အစုရှယ်ယာ ၁ သိန်းတိတိ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်မှာတော့ ပြည်သူတွေ ဝယ်ယူပြီး ကျန်ရှိနေတဲ့ အစုရှယ်ယာ ၁၂,၂၀၀ စု (ဒေါ်လာ ၁,၂၂၀,၀၀၀ ဖိုး) ကို နောက်ဆုံး ၁၀ ရက် အပြီးသတ်ရောင်းချနေခဲ့တာဖြစ်ပြီး စတုတ္ထနေ့ဖြစ်တဲ့ ဇူလိုင် ၃၀ ရက်မှာပဲ အားလုံးရောင်းချနိုင်ခဲ့တာလို့ ဆိုပါတယ်။

ဒီရောင်းချမှုကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်စွဲနဲ့ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်စစ်ကောင်စီက သိမ်းယူထားသော တပ်ပိုင်မြေဆိုင်ရာ အခြေခံမူများ” အပိုဒ် ၄ နဲ့ အပိုဒ် ၅ အရ စီမံဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အစုရှယ်ယာ ၁၀၀ နဲ့အထက် ဝယ်ယူသူတွေကို EOD Team က အမှတ်တရတခုအနေနဲ့ “ဂုဏ်ပြုမှတ်တမ်းလွှာ” ပေးပို့သွားမှာဖြစ်ပြီး ထပ်မံပြီးတော့လည်း တော်လှန်ရေးအတွက် အထောက်အကူပြုရင်း အကျိူးအမြတ်များများ ရနိုင်ဖို့ ငွေကြေးတတ်နိုင်သူတွေ များများပါဝင်လာဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

လတ်တလောမှာတော့ အာဏာရှင်နိဂုံး အဆုံးသတ်ဖို့အတွက် EOD ရဲ့ ဒုတိယ ပရောဂျက်ဖြစ်တဲ့ [email protected] Mile ဟာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားခိုးယူထားတဲ့ ပိုင်ဆိုင်မှု နောက် တစ်ခု ဖြစ်ပြီး၊ ပရောဂျက်အသေးစိတ်ကို မကြာမီ ထုတ်ပြန်ကြေညာ သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရား ပိုင်ဆိုင် ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013