DVB Logo
Home
မြန်မာသတင်း
Machine Gun ဝယ်ယူနိုင်ရေး လှူဒါန်းပေးရန် KNDF တပ်ရင်း ၆ တောင်းဆို
DVB
·
August 2, 2022
Machine Gun ဝယ်ယူနိုင်ရေး လှူဒါန်းပေးရန် KNDF တပ်ရင်း ၆ တောင်းဆို
Donate to DVB

ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) တပ်ရင်း ၆ က ‘Machine Gun’ အတိုကောက် ‘မောင်’ လို့ အမည်ရတဲ့ ကမ်ပိန်းကို ဩဂုတ် ၁ ရက်ကနေ ၂၈ ရက်နေ့အထိ ပြုလုပ်နေပါတယ်။

KNDF တပ်ရင်း ၆ မှ တာဝန်ရှိသူက “ကျနော်တို့ စစ်ကောင်စီတပ်ကို ခုခံတော်လှန်ရာမှာ စစ်ကောင်စီဘက်မှ ကုန်းကြောင်း၊ လေကြောင်းတို့နဲ့ ထိုးစစ်ဆင်တာတွေ ရှိပါတယ်။ ဒါတွေကို အရင်ကထက်ပိုပြီး ခုခံတော်လှန်နိုင်ဖို့ရာ ‘Machine Gun’ လိုအပ်လာပါတယ်။ Machine Gun သာ ရှိခဲ့မယ်ဆိုရင် စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတွေကို အရင်ကထက်ပိုပြီး ဟန့်တားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒီကမ်ပိန်းအတွက် ၂၅ ရာခိုင်နှုန်း ရထားပြီးပါပြီ။ ဒါကလည်း တပ်ရင်းရဲ့ ရန်ပုံငွေထဲက Machine Gun ဝယ်ဖို့ စုဆောင်းထားတာပါ။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းကို ပြည်တွင်းပြည်ပက အလှူရှင်တွေကိုပဲ အားကိုးရမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကယား (ကရင်နီ) ပြည်နယ်အတွင်း စစ်ကောင်စီက ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ စစ်ကြောင်းထိုးတဲ့ တိုက်ပွဲတွေမှာ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်မှ လက်နက်အင်အား မမျှတလို့ အထိအခိုက်များတဲ့အတွက် ရဲဘော်တွေ အထိအခိုက် နည်းသထက်နည်းအောင် ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ကမ်ပိန်းကာလကို ၁ လနီးပါး သတ်မှတ်ထားပြီး Machine Gun ဝယ်ယူဖို့ လိုအပ်ငွေ ပမာဏမှာ ကျပ် ၆၆၆ သိန်းဖြစ်ပြီး လက်ရှိ ၂၅ ရာခိုင်နှုန်း ရရှိထားပြီလို့ သိရပါတယ်။

တော်လှ​န်ရေးကာလ ၁ နှစ်ကျော်ကြာလာတဲ့ အချိန်အတွင်း KNDF တပ်ရင်း ၆ အနေနဲ့ ကမ်ပိန်းနှစ်ကြိမ်သာ ပြုလုပ်ခဲ့ဖူးပြီး အခုကမ်ပိန်းမှာလည်း ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF-B06 ရဲ့ တရားဝင် ဖေ့စ်ဘုတ်ခ်စာမျက်နှာကနေတဆင့် နည်းများမဆို ပါဝင်ပြီး တော်လှန်ရေး အရွေ့တခုဖြစ်အောင် တွန်းကူကြဖို့ တောင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013