DVB Logo
Home
မြန်မာသတင်း
လေပြင်းတိုက်ခတ်မှုကြောင့် ရပ်စောက်မြို့ YGW - ပရဟိတ မိဘမဲ့ကျောင်း ပြိုကျ
DVB
·
July 31, 2022
လေပြင်းတိုက်ခတ်မှုကြောင့် ရပ်စောက်မြို့ YGW - ပရဟိတ မိဘမဲ့ကျောင်း ပြိုကျ
1 / 5
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ်၊ ရတနာပုံအနောက်ရွာတောင်ဘက် ရွှေညောင် - ရပ်စောက်ကားလမ်းဘေးရှိ YGW ပရဟိတ မိဘမဲ့ကျောင်းမှာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီ လောက်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ဆောင် နဲ့ အိပ်ဆောင် တွေ ပြိုကျပျက်စီးသွားတယ်လို့ သိရပါတယ်။ 

YGW - ပရဟိတမိဘမဲ့ကျောင်းကို အခုနှစ် မတ် ၃၁ ရက်က စတင်ဆောက်လုပ်ခဲ့ပြီး မိဘမဲ့နဲ့ နွမ်းပါးကျောင်းသား ကျောင်းသူ ၁၀၀ လောက် မှီခိုနေကြရတယ်လို့ YGW - ပရဟိတကျောင်းမှ ဆရာတော်  အရှင်စက္ကိန္ဒက မိန့်ပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မီးဖိုဆောင်၊ ယောကျာ်းလေးဆောင်၊ စာသင်ခန်းဆောင်၊ ဧည့်ခံဆောင်နဲ့ ဘန်ဂလိုတွေ ပျက်စီးသွားပြီး ဆန် နဲ့ စားနပ်ရိက္ခာတွေအပါအဝင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ အိပ်ရာ၊ အဝတ်အစားတွေနဲ့ ကျောင်းသုံးစာရေးကိရိယာတွေ မိုးစို ပျက်စီးကုန် တယ်လို့ သိရပါတယ်။ 

YGW - ပရဟိတကျောင်းဟာ မြန်မာတနိုင်ငံလုံးမှာ ပရဟိတ မိဘမဲ့ကျောင်းပေါင်း ၂၇ ကျောင်းရှိပြီး လက်ရှိပျက်စီးသွားတဲ့ကျောင်းကို ပြန်လည်ပြုပြင်နိုင်ဖို့ အသုံးတည့်မယ့် ပစ္စည်းတွေ နဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် စားနပ်ရိက္ခာတွေ စာရေးကိရိယာတွေ လိုအပ်နေတယ် လို့ ဆရာတော်က မိန့်ပါတယ်။ 

YGW ပရဟိတမိဘမဲ့ကျောင်း ရပ်စောက်မြို့ ရှမ်း/ တောင် ရဲ့ Facebook page ကနေ ဆက်သွယ်လှူဒါန်းလို့ ရသလို  YGW - ပရဟိတကျောင်းမှ ဆရာတော် အရှင်စက္ကိန္ဒ  ( 09455205033) KBZ PAY/WAVE PAY09455205033 ကိုလည်း ဆက်သွယ်လှူဒါန်းလို့ ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013