DVB Logo
Home
မြန်မာသတင်း
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ခေါင်းဆောင်သစ်ရွေးချယ်မှု တရားမဝင်ဟု ကြေညာ
DVB
·
July 30, 2022
လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ခေါင်းဆောင်သစ်ရွေးချယ်မှု တရားမဝင်ဟု ကြေညာ
Donate to DVB

အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ရဲ့ ဥက္ကဋ္ဌသစ်နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီတီဝင်အသစ်တွေကို  ပြန်လည်ရွေးချယ်လိုက်ကြောင်း ဇူလိုင် ၂၈ ရက်မှာ  LDU က ထုတ်ပြန်ခဲ့တာဟာ  တရားမဝင်တဲ့ အကြောင်း  LDU  ခေါင်းဆောင်က ကြေညာပါတယ်။

LDU ရဲ့ ဗဟိုကော်မီတီအစည်းအဝေးကို ဇူလိုင် ၂၇ - ၂၈ နှစ်ရက်တာပြုလုပ်ခဲ့ပြီး ကျာဆော်လမွန်ကို  ဥက္ကဋ္ဌသစ်အဖြစ်  ရွေးချယ်တင်မြှောက်ကာ  ဒုဥက္ကဋ္ဌသစ်အဖြစ်  ကျာဖူး နဲ့  ဗဟိုကော်မီတီဝင်သစ်  ၉ ဦးကို ရွေးချယ်တင်မြောက်ကြောင်း ထုတ်ပြန်ခဲ့တဲ့အပေါ် ကန့်ကွက်ကြောင်း  LDU  ခေါင်းဆောင်  ဦးကျာဟားက  ဇူလိုင် ၂၉ ရက်မှာ သဘောထား ထုတ်ပြန်ပြီး တုံ့ပြန်လိုက်တာပါ။

ကျာဆော်လမွန် ဦးဆောင်တဲ့အဖွဲ့သစ်ဟာ LDU နာမည်ကို အလွဲသုံးစား ပြုလုပ်ပြီး ခေါင်းဆောင်သစ်တွေရွေးချယ်ခဲ့တာဖြစ်လို့ ကန့်ကွက်ကြောင်းနဲ့ အသိအမှတ်မပြုကြောင်း လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဋ္ဌ  ဦးကျာဟားက  ဇူလိုင် ၂၉ ရက်မှာ လက်မှတ်ရေးထိုးထုတ်ပြန်ပါတယ်။

LDU ခေါင်းဆောင် ဥက္ကဋ္ဌ ကျာဟားက “ကျနော်တို့က သဘောထား ကွဲလွဲတာလည်းမဟုတ်ဘူးဗျာ။ သူတို့ ဥပဒေကို ကျော်လွန်ပြီးတော့ ကျူးလွန်တာပေါ့၊ ရှင်းရှင်ပြောရရင် ကျနော်တို့ဘက်မှာလည်း ဥက္ကဋ္ဌ နှစ်ယောက်ပါတယ်။ အတွင်းရေးမှူး တယောက်ပါတယ်။ ဘဏ္ဍာရေးမှူးနဲ့ ဟိုးအစဉ်အဆက် ဗဟိုကော်မတီလုပ်လာတဲလူ လေးငါးခြောက် ယောက်လောက်ပါတယ်။ ကျနော်တို့အဖွဲ့က ဥက္ကဋ္ဌ အဖွဲ့အကုန်လုံးပါတယ်။ ဖွဲ့စည်းပုံအရဆိုရင် အစည်းအဝေးတခုထဲမှာ ဥက္ကဋ္ဌက အနည်းဆုံး တယောက်ပါရမယ်လေ။ ဥက္ကဋ္ဌကိုလည်း မရိုမသေမလေးမစားနဲ့ အဲလိုလုပ်တာလေ။”

အာဏာသိမ်းစစ်ခေါင်းဆောင်က  ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ရေး မတက်ရောက်ရေး ခေါင်းဆောင်တွေအကြား သဘောထားကွဲလွဲခဲ့ပြီးနောက်  ဥက္ကဋ္ဌသစ်နဲ့ ဗဟိုကော်မီတီသစ်ကို ဖွဲ့စည်းကြောင်း နေပြည်တော်သွားခဲ့တဲ့ ဦးဆော်လမွန်ဦးဆောင်တဲ့ အဖွဲ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဇူလိုင် ၂၇- ၂၈ ရက်နေ့မှာ ကျင်းပတဲ့ သတ္တမအကြိမ်မြောက် ညီလာခံမှာ ကော်မီတီဝင် ၄၅ ဦးတက်ရောက်ခဲ့ပြီး ဒီမိုကရေစီစနစ်အရ ဆန္ဒမဲနဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မီသစ်ကို ရွေးချယ်တင်မြောက်ကြောင်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဥက္ကဋ္ဌ  ဦးကျာဟားနဲ့အဖွဲ့ကတော့ ဇူလိုင် ၂၄-၂၆ ရက်နေ့က ဥက္ကဋ္ဌ အဖွဲ့ဦးဆောင်ပြီး သတ္တမ အကြိမ်မြောက်ညီလာခံကို ကျင်းပခဲ့ကြောင်း   ဇူလိုင် ၂၉ ရက်နေ့က ပြန်လည်ထုတ်ပြန်ပါတယ်။

ဒီထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဦးဆော်လမွန်ဦးဆောင်တဲ့အဖွဲ့ရဲ့ အတွင်းရေးမှူးကျာယာကုတ်က “ ဖွဲ့စည်းအပုံအရပြောရင် မလိုက်နာက သူတို့အဖွဲ့တွေဖြစ်တယ်။ သူတို့ ၂၄-၂၅-၂၆ မှာ ညီလာခံလုပ်တယ်ဆိုတာကလည်း အမှန်မှာက အနည်းဆုံးတပတ်နှစ်ပတ်အချိန်ပေးပြီးတော့ အကြောင်းကြားပြီး တရားဝင်စာထွက်ပြီးမှ ကော်မီတီဝင်အားလုံးကို တရားဝင်ဖိတ်ကြားပြီးမှ ညီလာခံကျင်းပရမယ်လေ။ ဖွဲ့စည်းပုံအရနော်၊ အဲလိုရှိတဲ့အထဲမှာ သူတို့က  ညီလာခံလုပ်တယ်ဆိုပြီး တော့ ကျနော်တို့ဘာမှမသိဘူး၊ ဘာစာတစောင်လည်း ဖိတ်ကြားစာ တစောင်မှ ကော်မီတီဝင်တွေက မသိရဘဲနဲ့ သူ့တို့က ညီလာခံတွေ ကျင်းပပါတယ်။ သုတို့ရွေးချယ်တင်မြှောက်ပါတယ်ဆိုပြီး သူတို့လုပ်တာသည် သူတို့က တရားမဝင်တဲ့အဖွဲ့လို့ ကျနော်က သုံးသပ်တယ်။”

ဒါ့အပြင် ဥက္ကဋ္ဌ ကျာဟားဟာ ရွေးကောက်ပွဲ သက်တမ်း နှစ်ဆက်တိုက် တာဝန်ယူထားပြီးဖြစ်ပြီး နောက်ထပ်တခါ ပြန်လည်ရွေးကောက်ခံဖို့ ဖွဲ့စည်းပုံအရ မပေးထားကြောင်းလည်း ဆိုပါတယ်။ ဒါပြင် ဥက္ကဋ္ဌအဖွဲ့နဲ့ အတွင်းရေးမှူးအဖွဲ့တွေက မြန်မာစာနဲ့ မြန်မာစကား တတ်ရမယ်ဆိုတဲ့ ဖွဲ့စည်းပုံပါချက်အရ အဲဒီအချက်ကိုထောက်ပြီး ညီလာခံကိုလုပ်ဆောင်ရာမှာ လူငယ်တွေက သူတို့ကို  မဲမပေးမှာစိုးရိမ်လို့ ညီလာခံကိုမကျင်းပဘဲ နီးစပ်ရာလူနဲ့သာ ကျင်းပခဲ့ကြောင်းလည်း ပြောဆိုထားပါတယ်။

ဒါကြောင့် အားလုံးပါဝင်ရွေးကောက်တဲ့ ကော်မတီကသာလျှင် ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲမှာ သွားနိုင်မှာဖြစ်ကြောင်းလည်း ကျာယာကုတ်က ပြောပါတယ်။

လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ LNDP နဲ့ လားဟူအမျိုးသားအဖွဲ့ချုပ်  LNO တို့  ပူးပေါင်းပြီး လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ဆိုပြီး ၂၀၀၈ ခုနှစ်က ဖွဲ့စည်းခဲ့ပါတယ်။  

LDU အဖွဲ့ဟာ ၂၀၁၈ ဖေဖော်ဝါရီ ၁၃ မှာ အစိုးရနဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ်ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး လားဟူကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရတဲ့အထိ ကြိုးပမ်းလုပ်ဆောင်မယ်လို့ အထွေထွေအတွင်းရေးမှူး ကျာယာကုန်က ပြောပါတယ်။စစ်ခေါင်းဆောင်ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဥက္ကဋ္ဌ ကျာဟားက တက််ရောက်ခဲ့တာ မရှိပေမဲ့ အထွေထွေအတွင်းရေးမှူး ကျာဆောလမွန်ကတော့ တက်ရောက်ခဲ့တာာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013